ဧပြီ ၂၀ ရက်က ပြုလုပ်ခဲ့သော “ဧရာဝတီကို ပြန်ရွေးယူကြမယ်” အခမ်းအနားသို့ အောင်လအန်ဆန်း ပေးပို့ခဲ့သည့် သတင်းစကားဖြစ်ပါသည်။ ကချင်တိုင်းရင်းသား တဦးဖြစ်သော အောင်လအန်ဆန်းသည် MMA (ONE Championship) ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ ဖြစ်ပါသည်။
မင်္ဂလာ မနက်ခင်းပါဗျ။
ကျွန်တော်ကတော့ အောင်လ အင်ဆန်းပါ။ ပျော်ရွှင်စရာ မြန်မာ နှစ်သစ်ကူးမှာ မင်္ဂလာ နှစ်သစ်ပါလို့ နှုတ်ဆက်လိုက်ပါတယ်။ နှစ်သစ်မှာ အောင်မြင်မှုများလည်း ဆက်လက်ပိုင်ဆိုင်နိုင်ကြပါစေ။
စိတ်တက်ကြွစရာတွေ ရှိတဲ့ ဒီလို နှစ်သစ်ကာလမှာ ကျွန်တော်တို့အတွက် စိုးရိမ်စရာတွေလည်း ရှိနေပါတယ်။ အဲဒီ စိုးရိမ်စရာတွေထဲက တစ်ခုကတော့ မြစ်ဆုံဆည် တည်ဆောက်မယ့် စီမံကိန်းပဲ ဖြစ်ပါတယ်။ မြစ်ကြီးနားမှာ မွေးဖွား ကြီးပြင်းလာတဲ့ ကချင်လူငယ်တစ်ဦးအနေနဲ့ ကျွန်တော့်မှာ မြစ်ဆုံနဲ့ ပတ်သက်တဲ့ စိတ်ကြည်နူးစရာ အမြတ်တနိုးဖြစ်ရတဲ့ အမှတ်တရတွေ အများကြီး ရှိပါတယ်။
ဘယ် ကချင်လူမျိုးကိုပဲဖြစ်ဖြစ် ခင်ဗျား မေးကြည့်လိုက်ပါ။ သူတို့ ဘယ်သွားခဲ့တယ်၊ ဘယ်ရောက်ခဲ့တယ် ဆိုတာကို မေးတဲ့အခါ မြစ်ဆုံဆိုတာ မပါမပြီး ပါပဲ။ဒီလိုပဲ မြန်မာနိုင်ငံသားတိုင်းဟာလည်း ဘ၀ တလျှောက်လုံးမှာ တစ်ခါလောက်တော့ ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာ မြစ်ဆုံကို အမှတ်တရ သွားကြည့်သင့်ကြပါတယ်။ မြစ်ဆုံဟာ ကျွန်တော်တို့ရဲ့ အမျိုးသား ရတနာပါ။ ကျွန်တော့်မှာ မြစ်ဆုံနဲ့ ပတ်သက်လို့ ပြောရရင် ကလေးဘဝက အောက်မေ့စရာတွေထဲမှာ မြစ်ဆုံကို သွားကြတာ၊ မိသားစုနဲ့ ပျော်ပွဲစား ထွက်တာတွေကို ပြန်မြင်လာပါတယ်။ အခုဖြစ်နေတာက ဒီနေရာမှာ ဆည်ဆောက်မယ် ဆိုတာ ကျွန်တော်မှတ်မိ နေတာတွေက အဖျက်စီး ခံရတော့မယ် ဆိုတာကို ပြောနေတာပါပဲ။ ကျွန်တော့် ကလေးတွေ အတွက် အနာဂတ်မှာ မြစ်ဆုံရယ်လို့ ပြစရာ မရှိတော့ဘူး ဆိုတဲ့သဘောပေါ့။
ကျွန်တော်က နိုင်ငံရေးသမား မဟုတ်ပါဘူး။ မြစ်ဆုံကို ဆန့်ကျင်တဲ့ အတွက် ကျွန်တော့်မှာ ဘာနိုင်ငံရေး ရည်မှန်းချက်မှလည်း မရှိပါဘူး။ ဒါပေမဲ့ မြစ်ဆုံက ကျွန်တော်တို့ရဲ့ သင်္ကေတ၊ ကျွန်တော်တို့ရဲ့အမှတ်အသားပါဗျ။ ကျွန်တော်တို့ အမျိုးသား လက္ခဏာကို ကျွန်တော်တို့ ထိန်းကြမှ ဖြစ်မှာပါ။ မြစ်ဆုံဆိုတာ တတိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့၊ သွားရောက်လည်ပတ်လို့ရတဲ့ ကြည်နူးခံစားနိုင်တဲ့ ရတနာပါ။ ဒါကို အသုံးချပြီး ဆည်ဆောက်မယ် ဆိုတာကတော့ ဉာဏ် အမြော်အမြင် ကြီးတဲ့ အလုပ်လို့ မထင်ပါဘူးဗျ။
ဒါ့ကြောင့် ကျွန်တော့်တို့ မြန်မာနိုင်ငံသားများ အားလုံး၊ ကချင်တွေအားလုံး ဒီဆည်ကြီးတည်ဆောက်တာကို သဘောမတူကြောင်း၊ လက်မခံကြောင်းပြကြဖို့ တိုက်တွန်းလိုပါတယ်ဗျ။ တရုတ် သမ္မတကြီး ရှီကျင့်ဖျင်ကိုလည်း မြစ်ဆုံမှာ ဆည်မဆောက်ဖို့ တောင်းဆိုကြပါဗျ။ မြန်မာနိုင်ငံသားတွေရဲ့ အသည်း နှလုံးထဲကနေ ပြောရရင် ဒီမြစ်ဆုံဟာ သဘာဝတရားက ကျွန်တော်တို့ကို ပေးထားတဲ့လက်ဆောင်ပါ။ ကျွန်တော်တို့ အမျိုးသားသင်္ကေတကို ထိန်းသိမ်းကြဖို့ အရေးကြီးတဲ့ အချိန်ပါ။
ကျေးဇူးတင်ပါတယ်။
Good morning everybody.
This is Aung La Nsang. I wish you all a happy Myanmar new year and continuing success in this new year.
This exciting new year also come in with some concerns. For me, one of them is the building of Myitsone dam. As a young child born in Myitkyina, I have a lot of cherished memories in Myitsone.
For any Kachin, if you ask where they go, where they visit, they always say Myitsone. And I believe every Myanmar once in a life time has to visit Myitsone where the Irrawaddy River begins. It is a national treasure. Having said that, I have so many childhood memories. Going there, enjoying picnic with the family. What happening now is they are going to construct a dam in Myitsone. It will put my fond memories and my children’s future in jeopardy.
I am not a politician and no political agenda what so ever. But as a man born from Myitkyina, I believe Myitsone is our identity. We need to preserve our identity. Myitsone is one of the sites, one of the national treasures you show people and enjoy yourself. For us to use it and to build the dam is not wise.
That’s why I would like to encourage all my fellow Myanmar citizens to speak against it and like to request the President Xi Jinping of China not to construct the Myitsone dam. From the Burma’s heart, this is a natural gift we were given. I think it is important to preserve our identity.
Thank you.