ဘာလို့ လျော်ရမှာလဲ။ တာဝန်ရှိတဲ့သူတွေ လျော်မှာပေါ့ ဆိုတဲ့အမြင်က မှားတယ်လို့ မငြင်းပါဘူး။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၌ ပြုလုပ်မည့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် (BRI) ဖိုရမ်သို့ တက်ရောက်ရန် မတ်လ ၂၄ ရက်တွင် ထွက်ခွာသွားပြီဖြစ်သည်။

ဧရာဝတီမြစ်ဆုံကို ပြန်လည်ရွေးယူရေး စကားဝိုင်းကို ရန်ကုန်မြို့တွင် ဧပြီလ ၂၀ ရက်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူများ၏ ထည့်ငွေဝင် တစ်ဒေါ်လာစီဖြင့် မြစ်ဆုံပြန်လည် ရွေးယူရေး အဆိုပြုချက် အပေါ်တွင် ပြည်သူများအကြား သဘောထား ကွဲလွဲမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မြစ်ဆုံပြန်ရွေးယူရေး စကားဝိုင်း၏ ရည်ရွယ်ချက်၊ တစ်ဒေါ်လာလှုပ်ရှားမှု၏ အနက်၊ မြစ်ဆုံကိစ္စ မပြီးဆုံးသည့် ဖြေရှင်းနည်းများကို ချဉ်းကပ်စဉ်းစားခြင်းများအကြောင်း အဆိုပါ စကားဝိုင်းတွင် ဦးဆောင်ပါဝင်သူ ဒေါက်တာမြင့်ဇော်ကို The Voice Journal က ဆက်သွယ် မေးမြန်းထားခြင်းဖြစ်သည်။

ဒေါက်တာမြင့်ဇော်သည် သဘာ၀ ဘေးအန္တရာယ်နှင့် သယံဇာတ စီမံခန့်ခွဲမှု ဆိုင်ရာ ပါရဂူဘွဲ့ကို ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှ ရရှိထားသူဖြစ်ပြီး သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ဖြစ်သည်။ မြစ်ဆုံ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက် နစ်နာမှုဆိုင်ရာလှုပ်ရှားမှုဖြင့် ၂၀၁၅ ခုနှစ်တွင် အာရှ Goldman Environmental Prize ဆုကို ရရှိခဲ့သူလည်း ဖြစ်သည်။

The Voice Journal ❏ မြစ်ဆုံပွဲနဲ့ ပတ်သက်ပြီး မူရင်း ရည်ရွက်ချက်ပျောက်ပြီးတော့ တစ်ဒေါ်လာ လှုပ်ရှားမှုကိုပဲ ပြောနေကြတာရှိတယ်။ တကယ့် ရည်ရွယ်ချက်ဘာလဲ။

Dr.MZ ◉ မြစ်ဆုံနဲ့ ပတ်သက်တာက တကယ့်ကို အချက်အခြာကျပြီး တော်တော့်ကို အရေးကြီးတဲ့ အချိန်အခါ ရောက်ပြီပေါ့။ လောလောဆယ် ဘယ်လို အဖြေရှာရမလဲ မသိသေးတဲ့ အခြေအနေတစ်ခုမှာ တစ်စုံတစ်ရာ အားလုံး လက်ခံလို့ရမယ့် အဖြေတစ်ခု စပြီးတော့ လုပ်သင့်တယ်။ ပြီးရင်တော့ စိတ်ကူးစိတ်သန်း ပေါ်လာကြမယ် ဆိုတာမျိုးနဲ့ စကြတာပါ။ စကြတော့ ကျွန်တော်တို့ကလေ ဝေဖန်ကြတာတွေ များသော်လည်းပဲ ဒီလို အကြောင်းအမျိုးမျိုး၊ အမြင် အမျိုးမျိုးပေါ်လာတယ်။ အားလုံးက နည်းနာတော့ ကွဲတယ်ဗျ။ ဘယ်လိုလုပ်ကြမယ်။ ဘယ်လို ဖြေရှင်းကြမယ်ဆိုတဲ့ နည်းနာပိုင်းမှာ မတူကြဘူး။ သို့သော် ရည်မှန်းချက်မှာ အများစုက ရေကာတာ ဖျက်သိမ်းဖို့ရာဘက်မှာ တူညီကြတယ် ဆိုတော့ ဒါက ကျွန်တော်တို့ အနေနဲ့တော့ တစ်စုံတရာ လုပ်ဖြစ်နိုင်လိုက်တယ်လို့ တွေးပါတယ်။

The Voice Journal ❏ တစ်ဒေါ်လာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားထဲမှာ ဝေဖန်မှု အမျိုးမျိုး ထွက်လာပါတယ်။ ဆရာနဲ့ ကလောင် အမည်တူ ရေးတာတွေလည်း ရှိတယ်။ ဒါတွေကို ဘယ်လို ထင်ပါလဲ။

Dr.MZ ◉ ကျွန်တော့်တို့ အမျိုးမျိ ေးဝေဖန်သုံးသပ်ကြတာတွေ ရှိတယ်ဗျာ။ အဲဒီထဲမှာ တကယ့် အမြင်တစ်ခုက တစ်ဖက်ကတော့ လျော်ကြမယ်။ ဒါက တစ်ပိုင်း။ နောက် တစ်ခုကတော့ ဘာလို့ လျော်ရမှာလဲ။ ဒါနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ လျော်ကြပါစေပေါ့။ အဲဒီအမြင်တွေ ပေါ်လာတယ်။ အဲဒါကိုလည်း လက်ခံတယ်။ အဲဒါကို တာဝန်ရှိသူတွေက လုပ်ရမယ်။ ကျွန်တော်တို့ ဘက်က ပြန်ထောက်ပြတာတော့ ဒါက အရေးသိပ်ကြီးတဲ့ အခြေအနေဖြစ်တယ်။ ကျွန်တော်တို့ ရေရှည် ဦးတည်ရမယ့် ပြည်သူ့ဘဝတရားမျှတမှု Social Justic Issue တွေကို လောလောဆယ် မပြောသေးဘဲ ကိုယ့်မှာ ဆူးနေတဲ့ ဆူးကို ဆွဲနုတ်တဲ့ အစီအစဉ်မျိး ဖြစ်ဖို့၊ အားလုံး လက်ခံတဲ့ အခြေအနေတစ်ခုခုဖြစ်ဖို့ ဦးတည်စဉ်းစားမယ် ဆိုတာမျိုးနဲ့ စဉ်းစားတာပါ။ ဘာလို့ လျော်ရမှာလဲ။ တာဝန်ရှိတဲ့သူတွေ လျော်မှာပေါ့ ဆိုတဲ့ အမြင်က မှားတယ်လို့ မငြင်းပယ်ပါဘူး။ ကျွန်တော်တို့က အဖြေဘက်ကို ဦးတည်တဲ့သဘောပါ။ နောက် တတိယတစ်ခု အုပ်စုက လက်ရှိအစိုးရတာဝန်ယူ လုပ်လိမ့်ဆိုတာ။ အဲဒါလည်း ကျွန်တော်တို့ လက်ခံတယ်။ ဒီစာချုပ် စာတမ်းနဲ့ ပတ်သက်တာတွေသည် အစိုးရကပဲ ဆုံးဖြတ်ရမှာပေါ့လေ။ သို့သော် သူတို့များ ဒီဟာကို လျော်ဖို့ဆိုပြီး ဆုံးဖြတ်ခဲ့ရင်ကျွန်တော်တို့ ဒီဘက်က ပြည်သူ့လှုပ်ရှားမှုဘက်မှာ အဆင်သင့်ရှိတယ်။ ပြည်သူတွေဘက်က တစ်တပ်တစ်အား ပါဝင်ကြမယ် ဆိုတာမျိုးဖြစ်တဲ့အတွက် အဲဒီလိုမျိုး ရှိတာတွေကို လက်ခံတယ်။ ချဉ်းကပ်ပုံအမျိုးမျိုးရှိမယ်။သို့သော် ဒါက ဖြစ်နိုင်ခြေရှိတဲ့၊ ဖြစ်နိုင်ခြေရှာတဲ့ လှုပ်ရှားမှုတစ်ခုပါ။

စံတော်ချိန်မှာ ဆောင်းပါး ပါတာက ဒီဆရာကလည်း ကံဆိုးစွာ တိုက်ဆိုက်တာပါ။ ဒီဆရာကလည်း အခုမှ ထရေးတယ် မထင်ဘူး။ စံတော်ချိန်မှာ ဒီလိုမျိုး ဆောင်းပါးတွေက ပါနေတာပဲ။ ကျွန်တော်ကလည်းပဲ ဟိုတုန်းက ရှိတဲ့ မောင်မြင့်ဇော်လေးကိုပဲ ကြိုက်တော့ အဲဒါပဲ ပြန် သုံးဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ ဖြေရှင်းရတဲ့အတွက် စိတ်ညစ်ရတယ်။ သို့သော်လည်း အားလုံး သိကြမယ်လို့ မျှော့်လင့်ပါတယ်။ မသိတဲ့ သူတွေလည်း မတတ်နိုင်ဘူးပေါ့။

The Voice Journal ❏ တစ်ဒေါ်လာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အချို့ပညာရှင်တွေရယ်၊NGO နဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ ဝေဖန်မှုတွေမှာ ဒါက အစိုးရ လုပ်ရမယ့်ကိစ္စ။ အဲဒါကို ဆရာတို့က ဝင်ပါတယ်လို့ ဆိုကြတယ်။ အဲဒီ အပေါ်ဘယ်လိုမြင်လဲ။

Dr.MZ ◉ ဒီလိုဗျ။ ဒီဟာကတော့လေ အစိုးရ ဦးဆောင် လုပ်ရမယ်ဆိုတဲ့ဟာက မှန်တယ်။ သို့သော် အစိုးရ ဆိုတာ ပြည်သူ့အသံ၊ ပြည်သူလူထုအား၊ အမြင်ကို ကြည့်တာမျိုးရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာ မျိုးတွေမှာ ပြည်သူတွေ ပါဝင်ဖို့ဆိုတာ ပြောတာပေါ့။ ပြည်သူတွေ မပါနဲ့။ ကျွန်မတို့ချည်းပဲ လုပ်မယ်လို့ပြောတယ် မထင်ဘူးလေ။ အဲဒီတော့ ဒီဟာတွေက ကျွန်တော်တို့ အနေနဲ့တော့ အစိုးရလုပ်မယ့် အလုပ်ကို ကန့်လန့် ခံတာမျိုး နည်းနည်းမှ မဟုတ်ဘူး။ ဒီဟာသည် ပြည်သူက ပြည်သူ့ဘက်က လှုပ်ရှားရမယ့် တက်ကြွရမယ့် အလုပ်ကို ပြည်သူတွေ လုပ်တယ်လို့ ယူဆပါတယ်။

The Voice Journal ❏ တစ်ဒေါ်လာလှုပ်ရှားမှုကနေ မြစ်ဆုံစီမံကိန်းအပေါ် ပြည်သူတွေရဲ့ သဘောထားကို မြင်ရရဲ့လား။ သဘောကွဲလွဲမှုတွေကို ဘယ်လိုမြင်ရလဲ။

Dr.MZ ◉ ကျွန်တော်ကတော့လေ သဘောထား ကွဲလွဲသွားတယ်ဆိုတာထက် နည်းစနစ်ပိုင်း ကွဲလွဲသွားတယ်လို့ ထင်တယ်။ တစ်ဖွဲ့က ထည့်ကြမယ်။ နောက်တစ်ဖွဲ့က ဘာလို့ ထည့်ရမှာလဲ။ တာဝန်ရှိတဲ့သူတွေ လုပ်ကြလိမ့်မယ်။ သို့သော် ကျွန်တော်တို့က အားလုံးရဲ့ အာရုံ စူးစိုက်မှုကို ဘယ်အပေါ်ကို ခေါ်ချင်တာလဲ။ ဘယ်အချက်ကို အဓိက aထာက်ပြချင်တာဆိုတာ ကျွန်တော်တို့မှာ အချိန် သိပ်မရှိဘူး။ အဲဒီတော့လောလောဆယ် ကျွန်တော် ခုနက ပြောတဲ့ဥ ပမာကိုပဲ ပြန်ပြောရရင် ဆူးနေတဲ့ ဆူးကို လက်တွေ့ကျကျ ဘယ်လို နုတ်ကြမလဲဆိုတာ ဝိုင်း စဉ်းစားကြရအောင်ဗျာ။ ခင်ဗျားတို့ပြောတဲ့ တာဝန်ရှိသူတွေ တာဝန်ယူမှာပေါ့ ဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီ လူတွေက ဘယ်အချိန် ဘယ်လို တာဝန်ယူမှာလဲဆိုတာ၊ သူတို့ တာဝန်ယူအောင် ဘယ်လို လုပ်မလဲဆိုတာ ကျွန်တော်တို့ မသိဘူးဗျာ။ ကျွန်တော်တို့ သိတာကတော့ ကျွန်တော်တို့ တွေ အာလုံး ဝိုင်းဝန်းပြီးတော့ ဒီလိုများ အစိုးရက တကယ် လျော်ကြစားကြမယ်လို့ ဆုံးဖြတ်ကြရင် ဝိုင်းပြီးတော့ အားထုတ်ကြရင် မကောင်းဘူးလား ဆိုတာ စဉ်းစားဖို့၊ ဝေဖန်ဖို့၊ သုံးသပ်ဖို့ ဒီအချက်အလက်လေး အကျိုးအကြောင်းလေး ပြည်သူထဲကို ရောက်စေချင်တာပါပဲ။

The Voice Journal ❏ ဆရာတို့ မြစ်ဆုံစီမံကိန်းကို ဘယ်ချိန်မှာ သိပြီးတော့ ကန့်ကွက်လှုပ်ရှားမှု လုပ်လာတာလဲ။

Dr.MZ ◉ ကျွန်တော်တို့ မြစ်ဆုံစီမံကိန်း အကြောင်း စသိတာ၂၀၀၉ ခုနှစ်မှာဗျ။ အဲဒီကာလက အင်မတန် ခက်တယ်။ ကျွန်တော်တို့ မလှုပ်ရှားရဲဘူး။ အဲဒီတော့ အခြား ခေါင်းစဉ်တွေ တပ်ရမယ်။ ရေအရင်းမြစ်တို့၊ မြေဆီလွှာတို့တပ်တယ်။ အဲဒီလို လှုပ်ရှားမှုက ၂၀၀၉ ကတည်းကစပြီးဗျ။ အဲဒီ အချိန်ကတည်းက ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်သမားတွေက ရေ အရင်းအမြစ်ဘက်ကနေ လှည့်ပြောတာဗျ။ ရေမရှိရင် လူ့အဖွဲ့အစည် းပျက်တာကိုးဗျ။ အဲဒီ အခြေအနေမှာ ၂၀၁၀ လောက်မှာ အသံ ထုတ်ရဲလာတယ်။ ၂၀၁၁ လောက်မှာတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်းနဲ့။ ဦးသိန်းစိန် လက်ထက်မှာ အပြောင်းအလဲစလာတော့ တော်တော်လေး အင်နဲ့အားနဲ့ လှုပ်ရှားရဲလာတယ်။ အခုချိန်အထိပါ။

The Voice Journal ❏ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်ရဖို့ လုပ်နေတဲ့ အထဲမှာ တရုတ် BRI၊ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် မြစ်ဆုံ အစရှိတဲ့ စီမံကိန်းတွေရှိတယ်။ ဒါတွေကို တရုတ်က နိုင်ငံရေးကစားကွက်အနေနဲ့ ကိုင်ထားတယ်လို့ ထင်သလား။

Dr.MZ ◉ အဲဒါတော့ ကျွန်တော့် အနေနဲ့က အင်အားကြီး နိုင်ငံတစ်ခုအနေနဲ့ တွက်တာ ချက်တာ သူရဲ့ စဉ်းစားချက်တယ် ရှိတယ်ပေါ့ဗျာ။ သို့သော် သေချာတာတော့ ကျွန်တော်တို့ နယ်နိမိတ်ချင်း ဆက်နေပြီး နှစ်နိုင်ငံက ရေရှည်နေကြရမှာ။ အဲဒီတော့ သူတို့နဲ့ ကျွန်တော်တို့ အဆင်ပြေဖို့ လိုတယ်။ အဆင်ပြေဖို့ ပြောတဲ့အတွက် ကျွန်တော်တို့ ဂုဏ်သိက္ခာကိုလည်း သူတို့ အလေးထားဖို့ လိုတယ်။ သူတို့ ဂုဏ်သိက္ခာကိုလည်း ကျွန်တော်တို့ အလေးထားမယ်ပေါ့။ အဲဒီလိုမျိုးအခြေအနေနဲ့ သွားချင်ပါတယ်။

နောက် တစ်ခုကတော့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ကတော့ ဘယ် စီမံကိန်းမဆို ဘယ်သူ အကျိုးရှိမှာလဲ။ လူနည်းစု အကျိုးရှိမှာလား။ လူများစု အကျိုးရှိမှာလား။ နောက် ဘယ်တွေ ခိုက်မှာလဲ။ ဘယ်သူတွေ နစ်နာမှာလဲ။ စီမံကိန်း တစ်ခုချင်းနဲ့ ပတ်သက်တဲ့ အကဲဖြတ်ချက်ဆန်းစစ်ချက်တွေက လိုတာပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့တော့ သူ ဘာလိုချင်လို့ ဘယ်လို အတွေးနဲ့ လုပ်ရှားနေတာပဲ ဖြစ်ဖြစ် လုပ်တဲ့ အလုပ်တွေမှာ ဖြစ်လာမယ့် အကျိုးဆက်၊ မျှတမှု၊ ညီညွတ်မှု၊ ပွင့်လင်းမြင်သာမှု အဲဒီအခြေခံတွေပဲ ဆန်းစစ်ရမယ်။ သို့သော် အဲဒီလိုပြောတဲ့အတွက် တစ်ဖက်မှာလည်း နှစ်နိုင်ငံဟာ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေလို့ မရဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကြည်ကြည်လင်လင် မြင်နိုင်၊ ကြည့်နိုင်တဲ့ အချိန်ဖြစ်ဖို့ လိုတယ်လို့ တွေးပါတယ်။ ဒီမြစ်ဆုံစီမံကိန်း ရပ်တန့်ပေးပါလို့ တရုတ်ဘက်ကို ကျွန်တော်တို့ လှမ်းပြီးတော့ ဆော်ဩရတာလည်း ဒါကြီးက ကျွန်တော်တို့နိုင်ငံပြည်သူထဲမှာ ဆူး တစ်ချောင်းလို ကျန်ခဲ့မှာ။ အဲဒါဆို သူတို့နဲ့ ကျွန်တော်တို့ရဲ့ ရေရှည် ဆက်ဆံရေးလည်း ပိုကောင်းဖို့ ခဲယဉ်းပါတယ်။ အဲဒီအပေါ်ကနေ အခြေခံပြီးပြောကြတာပါ ခင်ဗျ။

The Voice Journal ❏ မြစ်ဆုံစာချုပ်နဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူက နိုင်ငံတကာ စာချုပ်ဖြစ်လို့ ပြည်သူတွေဆီ တင်ပြနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ပြောထားတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

Dr.MZ ◉ ကျွန်တော်တို့က လည်း အဲဒီ မေးခွန်းလိုပဲ။ အဲဒီဟာနဲ့ တူတဲ့ မေးခွန်းက ရှိနေတာ။ ဒါတွေကို ကျွန်တော်တို့က ဘာကြောင့်များသိခွင့် မရတာလဲ။ ဒါတွေကို ချပြဖို့ ဘာကြောင့် အခက်အခဲတွေ ဖြစ်နေတာလဲ အစိုးရကို မေးချင်တဲ့ မေးခွန်း။ နောက် ကျွန်တော်တို့ နိုင်ငံမှာ ဥပဒေ ပညာရှင်တွေလည်း ရှိတယ်။ သူတို့တွေသည် လည်း ကျွန်တော်တို့ ကူပြီးတော့ ဖြေပေးရမှာပေါ့။ သူတို့ ဘက်ကနေလည်း နိုင်ငံတကာ စာချုပ်စာတမ်းတွေက ဘာလဲ။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာကြောင့် သိခွင့်မရှိရတာလဲ။ ဒီမေးခွန်းကတော့ မေးခွန်းနဲ့ ပြန်ဖြေရမယ်။ ကျွန်တော်လည်း အဲဒီလိုမျိုး သိချင်ပါတယ်ပေါ့။ ဘာကြောင့်များ ဒီအခြေအနေ ဖြစ်နေရတာလဲ။

The Voice Journal ❏ ဒါပေမဲ့ ဒီအချိန်မှာ ပြည်သူတွေကို စာချုပ်မပြနိုင်ရင် ဘယ်အချိန်မှာ ပြည်သူတွေ သိခွင့်ရှိမယ်လို့ မျှော်လင့်နိုင်မလဲ။ ဆရာ ဘယ်လိုထင်လဲ။

Dr.MZ ◉ အဲဒါက ကျွန်တော် စပြောခဲ့သလိုပဲ။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိခွင့်လည်း မရှိ၊ ပြောခွင့်လည်း မရှိတဲ့ အချိန်မှာ ဒါကြီး (မြစ်ဆုံစီမံကိန်း) ကို ပြန်လုပ်မယ်လို့ ဆုံးဖြတ်လိုက်မှာ၊ နည်းနည်းပါးပါး အပြောင်းအလဲလုပ်ပြီး ဆုံးဖြတ်လိုက်မှာကို ကျွန်တော်တို့ တအားပူပန်တယ်။ ဘာကြောင့်လဲဆို ဒါကြီးက လုပ်မယ်လို့ ဆုံးဖြတ်ပြီးသော်လည်း သူ့ ပြဿနာတွေက ပြီးသွားမှာမဟုတ်ဘူး။ ကမ္ဘာ့အရပ်ရပ်မှာ ဒါနဲ့ပတ်သက်တဲ့ နမူနာတွေ၊ ဆန့်ကျင်တာတွေ၊ ကန့်ကွက်တာတွေက ဆက်တိုက် ဆက်ဖြစ်နေဖို့ များတယ်။

နောက်လူထုထဲမှာလည်း ငါတို့ကို အင်အားကြီး နိုင်ငံက အနိုင်ကျင့်သွားတယ် ဆိုတဲ့ ခံစားမှု အမုန်းကလည်း များလာဖို့ရှိတယ်။ ငါတို့အစိုးရက ငါတို့ကို ကာကွယ်နိုင်တာမှ ဟုတ်ရဲ့လားဆိုတဲ့ သံသယနဲ့ မေးခွန်းလည်း ပေါ်လာဖို့ရှိတယ်။ နောက်တစ်ခုကတော့ ဒီလိုမျိုး အန္တရာယ်ရှိတဲ့ စီမံကိန်းကို သူတို့ဘက်က အတင်း ဒရောသောပါးတွန်းလုပ်မယ်ဆိုရင် ကျွန်တော်တို့ ဌာနေပြည်သူတွေ မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံး မြောက်ပိုင်းက မေခ၊မလိခမြစ်ဝှမ်းအပေါ် အများကြီး အန္တရာယ် ကြုံရနိုင်တာရှိတယ်။

နောက်ဆုံး တစ်ခုကတော့ အခုလိုရာသီဥတု ကူးပြောင်းနေတဲ့ အချိန် ဒီလောက်ပူပြင်းနေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့ တွေးကြည့်လို့ရပါတယ်။ မြစ်ကို ပိတ်ဆို့ပြီး တည်ဆောက်နေကြတဲ့ ကိစ္စတွေက ဆည်ဆောက်ပြီးရင် ရောက်မယ့် အကျိုးဆက်ကို ပူပန်သလို မြန်မာနိုင်ငံအလယ်ပိုင်း ရေရှားတဲ့ဒေသ၊ နိုင်ငံ အောက်ပိုင်းဒေသတွေကို ဆည်ဆောက်ပြီးရင် ဖြစ်မယ့်ကာလမှာ ဘယ်လို အပြောင်းအရွှေ့တွေ ကြုံရမလဲဆိုတဲ့ ပူပန်မှုတွေ များပါတယ်။ အတင်းကြီး လုပ်ကြမယ်လို့ ဆုံးဖြတ်လိုက်ရင်၊ စာချုပ်စာတမ်းလည်း ကြည့်ခွင့် မရရင် ကျွန်တော့်အမြင်နဲ့တော့ ကြုံလာမှာတွေကို မတွေးရဲဘူး။ အဲဒီအထိ စိတ်ပူပန်တာတွေ ရှိပါတယ်။

The Voice Journal ❏ အခုချိန်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှု ဆန်းစစ်ချက် (EIA/SIA) တွေ ပြန်လုပ်မယ်ဆိုပါစို့။ အကောင်း၊ အဆိုးထွက်လာမယ့် အပေါ်မှာ ဘယ်လိုထင်မြင်လဲ။

Dr.MZ ◉ အဲဒီ aမးခွန်းကို တော်တော်ပြတ်ပြတ်သားသား ဖြေလို့ရတယ်။ သူတို့ ဆန်းစစ် jပီးသွားကြပြီ။ EIA/SIA ဆန်းစစ် ပြီးသွားကြပြီဆိုရင် ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ဘဏ်နဲ့ သစ်တော၊ စွမ်းအင်ပါ ပေါင်းလုပ်ထားတဲ့ ရေအား လျှပ်စစ်လေ့လာရေး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက မြစ်များပေါ်မှာ လုပ်ထားတဲ့စ ာတမ်းမှာ မြန်မာနိုင်ငံရဲ့ မြစ်မကြီးတွေမှာ မလုပ်သင့်ဘူး။ ဘာကြောင့် မလုပ်သင့်ဘူး၊ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ ဖော်ပြပြီးသား။ အကဲဖြတ်ချက် အပိုင်းက ရှင်းလင်းပြီးသား။

ဒီထက်ပိုပြီးတော့မှ မြစ်ဆုံအရေးက သဘာ၀ ပတ်ဝန်းကျင် ကိစ္စတစ်ခုတည်း မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ လက်ရှိ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ကချင်ပြည်နယ် နေရာမှာ သွားလုပ်တာ ကချင်ပြည်သူတွေက တစ်သက်လုံး ကျွန်တော်တို့ကို ဘယ်လိုမှ အမြင်ကြည်စရာ မရှိတော့ဘူးဗျာ။ တခြားတို င်းရင်းသား ရခိုင်၊ ရှမ်း၊ မွန် ဒီနယ်သားတွေလည်းပဲ ကျွန်တော်တို့က လူအများစု ဖြစ်လို့ အနိုင်အထက် လုပ်တာပါပဲလို့ ထင်မြင်ချက်နဲ့ ငြိမ်းချမ်းရေး အလားအလာတွေ ကောင်းနိုင်စရာ မရှိဘူးလို့ မြင်တာပေါ့ဗျာ။ နောက်တစ်ခုက ဧရာဝတီမြစ်ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ အမှတ်အသားပဲဗျ။ IDENTITY ဒါကြီး ထိသွားရင် ကျွန်တော်တို့ နိုင်ငံတစ်ခု လူ့ယဉ်ကျေးမှုတစ်ခု ထိခိုက်နစ်နာသွားတဲ့ အခြေအနေမျိုး ဖြစ်မှာ။ ဒီဟာက အကဲဖြတ်ချက်နဲ့ ဆန်းစစ်ချက်နဲ့ ပတ်သက်တဲ့ ကိစ္စမျိုး မဟုတ်ပေမယ့် နိုင်ငံတစ်ခု ရှင်သန်ဖို့အတွက် ဝိုင်း အားထုတ်ရတဲ့ ကိစ္စမျိုးတောင် ဖြစ်နေတယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။

The Voice Journal ❏ အခုအန်တီလည်း တရုတ်သွားပြီဆိုတော့ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး အပြီးသတ် အဖြေရမယ်ထင်လား။

Dr.MZ ◉ သားရွှေအိုး ထမ်းလာတယ်ဆိုတဲ့ ပုံစံမျိုး၊ အများပြည်သူတွေ လက်ခံနိုင်တဲ့ အခြေအနေမျိုး အဖြေတစ်ခုခု ညှိနှိုင်း လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တစ်ဖက်ကလည်းပဲ ကြောက်စိတ်ရှိတာပေါ့။ ကျွန်တော်တို့ မမြင်ရတဲ့ အခြေအနေ အကြောင်းတရားတွေကြောင့် ဒါကိုများ သဘောတူလာခဲ့ရင် ခုန ကျွန်တော် ပြောသလိုပဲ မြင်အောင် ကြည့်ဖို့တောင် ကြောက်တဲ့ အခြေအနေမျိုးတွေ ကြုံလာမှာ စိုးရိမ်တယ်။ တစ်ဖက်က မျှော်လင့်ချက် တစ်ဖက်က စိုးရိမ်စိတ် တော်တော် ကြီးကြီးမားမား ရှိပါတယ်။

The Voice Journal ❏ အန်တီက စာချုပ် စာတမ်းတွေကို လေးစားလိုက်နာရမယ် ဆိုထားတယ်။ အကယ်၍ စာချုပ် ပြင်ပြီးတော့ မြစ်ဆုံစီမံကိန်း ဆက်လုပ်မယ်လို့ သဘောတူခဲ့ရင် မြန်မာနိုင်ငံ ဘာဖြစ်သွားနိုင်လဲ။

Dr.MZ ◉ အဲဒါကလည်း ခုနပြောသလိုပဲ။ စာချုပ် မမြင်ရသေးလို့ ကျွန်တော်တို့က ဘယ်လိုလုပ် ပြောမတုန်း။ ပြည်သူတွေက ပြောဖို့တော်တော်ကို ခက်ပါတယ်။

The Voice Journal ❏ ဒီစီမံကိန်းက အန်တီ တရုတ် ခရီးစဉ်က ပြန်လာတဲ့ အထိ အပြီး မသတ်ဘူးဆိုရင် နောက် အစိုးရ သက်တမ်းတစ်ခုမှာရော စီမံကိန်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးဖြစ်လာနိုင်လဲ။

Dr.MZ ◉ ကျွန်တော်တို့ လတ်တလော ဘာကြောင့် ဒီဟာတွေ ပ်လဲဆိုရင် ကျွန်တော်တို့ အချိန်ဆွဲထားတဲ့ အချိန်ဆွဲလို့ ရသလောက် ဆွဲထားတဲ့ အခြေအနေတစ်ခုက တော်တော်လေး ကြာသွားပြီလို့ ထင်တယ်ဗျ။ တစ်ခုမဟုတ် တစ်ခုတော့လေ အဖြေရှာရမယ့် ကာလကို ရောက်နေပြီလို့ ကျွန်တော် ထင်တယ်။ အကြောင်းကြောင်းနဲ့ ဆက်ဆွဲထားရင်လည်း ဒါက ဦးသိန်းစိန် လက်ထက်က ဒီလိုပဲ ဆွဲထားခဲ့တာပဲ။ နောက် ပြဿနာကြီးတစ်ခု၊ အရှုပ်အထွေးကြီး တစ်ခု မပြီးပြတ်ဆိုတာမျိုး ဖြစ်နေမယ် ထင်တယ်။ အဲဒါကတော့လည်း တစ်ဖက်မှာတော့ အတင်းကြီး ဆုံးဖြတ်ချက် ချလိုက်မှာကိုလည်း ပူပန်တယ်ဗျ။ အဲဒီတော့ အချိန် ဆွဲထားရင် ကောင်းတော့ မကောင်းဘူး။ ကျွန်တော်တို့ ဒရောသောပါးကြီး ဆုံးဖြတ်လိုက်တာမျိုးထက် စာရင်တော့ တော်သေးတယ်လို့ ဒီလိုပဲ ပြောရမလား။ ကျွန်တော်တို့မှာတော့ အတော်လေး အကျပ်အတည်းဆိုတဲ့ အခြေအနေမျိုး ရောက်နေကြတာပေါ့ဗျာ။

The Voice Journal ❏ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အန်တီက ပြတ်ပြတ်သားသား မပြောလို့ အန်တီကို ကြောက်ပြီးတော့ တချို့ ပြည်သူတွေက အသံ ထွက်မလာတော့ဘူး။ အန်တီလုပ်ရင် သဘောတူရမှာပဲဆိုတဲ့ သူတွေလည်း ရှိနေတယ်။ အဲဒီအခြေအနေကို ဘယ်လိုမြင်လဲ။

Dr.MZ ◉ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ပြည်သူရဲ့တာဝန်က ရွေးကောက်ပွဲမှာ မဲပေးရုံ တစ်ခုနဲ့ ပြီးသွားတာမှ မဟုတ်ဘဲဗျာ။ ဘယ် အစိုးရမှလည်း မင်းတို့ ရွေးကောက်ပွဲ မဲထည့်ပြီးရင် ပြီးပြီလို့ ပြောကြမယ် မထင်ဘူးဗျာ။ အဲဒီတော့ ခေတ်ကာလ စနစ်အခြေအနေတွေ ပြောင်းလဲတာရှိမယ်။ ပြည်သူ လူ့အဖွဲ့အစည်းတွေ ပြည်သူတွေဘက်ကတော့ သူတို့ပြည်သူ့ဘ၀ ရေရေရာရာ အောက်ခြေမှာ ဖြစ်နေတဲ့ စိုးရိမ်တာ ပူပန်တာ၊ သောက ရောက်ရတာ၊ ပြောင်းစေချင်တာ၊ ပြင်စေချင်တာ၊ ဒီဟာတော့ ရှိနေမှာပေါ့ဗျာ။ ရှိနေတာလည်း အဓိပ္ပာယ် ရှိတယ်လို့ ယူဆပါတယ်။ ခုနက ပြောသလိုပဲ။ ပြည်သူ့တာဝန်က ရွေးကောက်ပွဲမှာ မဲပေးပြီးသွားတာ တစ်ခုတည်းနဲ့ ဘယ် ပြီးနိုင်ပါ့မလဲ။ ဆက်ပြီးတော့ လှုပ်ရှား ဆောင်ရွက်နေဖို့ လိုတာပေါ့ဗျာ။

(ယခု အင်တာဗျူးကို ဧပြီ ၂၇ ရက်ထုတ် The Voice Weekly Journal အတွဲ ၁၅၊ အမှတ် ၁၁ ၊ စာမျက်နှာ ၈ တွင် ဖော်ပြခဲ့ပါသည်)

Photo: Goldman Environmental Prize