ဧပြီ ၂၇ ရက်က “မြစ်ဆုံစီမံကိန်းကို ဘယ်လို ရပ်တန့်နိုင်မလဲ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် DVB Debate အစီအစဉ်၌ ပါဝင်ခဲ့သူ တဦး ဖြစ်သော ဒေါက်တာမြင့်ဇော်၏ ဆွေးနွေးမှုများ ဖြစ်ပါသည်။ အဆိုပါ Debate တွင် ဒေါက်တာ ရန်မျိုးသိမ်း၊ အစီအစဉ် တင်ဆက်သူ ကိုနေသွင်ညိဏ်းတို့နှင့်အတူ ဒေါက်တာမြင့်ဇော်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။
ကိုနေသွင်ညိဏ်း ❏ ဆရာတို့ရဲ့ မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့အတွက် စဉ်းစားတဲ့ အနောက်ကွယ်က philosophy ပေါ။့ ဘာဖြစ်လို့ ဆရာတို့ ဒီလို လုပ်ဖို့ စဉ်းစားသလဲ၊ ဘာဖြစ်လို့ ဒီလိုလုပ်မှ ကောင်းမယ်လို့ စဉ်းစားသလဲ ဆရာ၊ အရင်ဆုံး ဆရာ့ရဲ့ ပညာရပ်ဆိုင်ရာ အမြင်ကို ကြားချင်ပါတယ်။
ဒေါက်တာမြင့်ဇော် ◉ လက်ရှိ အခြေအနေပေါ့လေ။ ပြည်သူ အားလုံးလည်း ပူလောင် ပြင်းထန်မှုဒါဏ် ခံစားနေရတဲ့ အခြေအနေမှာ ကျွန်တော်တို့ လက်ရှိ ကြုံနေတာက အရေးပေါ် အခြေအနေ ဆိုတဲ့ စကားလုံးကို ကျွန်တော် သုံးချင်ပါတယ်။ အရေးပေါ် အခြေအနေဆိုတာက ကျွန်တော်တို့ ကြုံနေတဲ့ ရာသီဥတု ပြောင်းလဲမှု ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှု အကြောင်းကို ကျွန်တော်တို့ ပြောတဲ့ အခါမှာ ရေ အရင်းအမြစ်တွေဆီ ရောက်ပါတယ်။ ရေ အရင်းအမြစ်ဆိုတာ လူ့ယဉ်ကျေးမှု တစ်ခု ရပ်တည်ဖို့ အရေးကြီးဆုံး ကိစ္စပါ။ ရေအရင်းအမြစ် အကြောင်း ပြောရင် ကျွန်တော်တို့ မြစ်တွေဆီ ရောက်ပါတယ်။ မြစ်တွေဆိုပြီး ကျွန်တော်တို့ ပြောတဲ့ အခါမှာ မြန်မာပြည်မှာတော့ ဧရာဝတီဆီ ရောက်ပါတယ်။
ဒါပေမယ့် ဧရာဝတီမှာ ဧရာဝတီ ဘယ်က မွေးဖွားလာလည်း ကြည့်မယ်ဆိုရင် မေခ၊ မလိခ ကို ရောက်ပါတယ်။ အခု ကျွန်တော်တို့ မြစ်ဆုံဆိုပြီး ရည်ညွှန်းနေတဲ့ ရေကာတာကြီးက ဒီ မေခ၊ မလိခ မြစ်ဝှမ်းမှာ တည်ဆောက်မှာပါ။ ဒီ ဧရာဝတီရဲ့ အရေးအကြီးဆုံး နေရာ ဖြစ်ပါတယ်။ ရေဝေရေလဲဆိုတာ ဒီ ကတော့ခွက်လေးတစ်ခုနဲ့ ကျွန်တော်တို့ မြင်အောင်ကြည့်လို့ ရပါတယ်။ ဧရာဝတီမြစ်ထဲကို ကတော့ ခွက်လေးတစ်ခုလို ရေတွေစုဆောင်းပြီးပို့တဲ့နေရာဟာ ဒီမြစ်ဝှမ်းဖြစ်ပါတယ်။ မေခမြစ် မိုင် နှစ်ရာ၊ သုံးရာလောက်ရှိတယ်။ အဲ့ဒီ့ မိုင်နစ်ရာလောက်ဟာ ရေကာတာ အဆက်အဆက်ဆောက်သွားမယ်ဆိုရင် ဆည်ရေပြင်ကြီးဖြစ်သွားပြီးတော့ မေခမြစ်ဖက် ပျက်စီးမယ်။ မေခမြစ်ဖက် တစ်ဝက်လောက်ဟာ ရေပြင်ကြီးဖြစ်ပြီး ပျက်စီးမယ်။ မေခ၊ မလိခ ပျက်စီးပြီဆိုရင် ကျွန်တော်တို့ ဒီ ဧရာဝတီအတွက် အရေးကြီးတဲ့ ဒီ ကတော့ ခွက်ကလေးကို ရိုက်ချိုးလိုက်တာ၊ ထုခြေလိုက်တာနဲ့ အတူတူပဲ။ အဲ့ဒီ့အတွက် ကျွန်တော်တို့က ဧရာဝတီ အသက်ရှင်ရေး၊ မြစ်ဆုံဆည် ရပ်တန့်ရေးဆိုတာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှု၊ ရေအရင်းအမြစ်ရှိမှ ရှင်သန်နိုင်မယ့် လူ့ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ကနေ ကျွန်တော်တို့ ပြောနေတာပါ။ တိုတိုနဲ့ပဲ ကျွန်တော်တို့ပြောလို့ရပါတယ်။ သဘာဝပတ်ဝန်းကျင် အမြင်ဖက်ကတော့လေ။ သို့သော် မြစ်ဆိုတာကတော့ ရှင်သန်ဖို့ လိုတယ်ဗျ၊ ကျွန်တော်တို့ သေသွားပြီးလည်း မြစ်ဆိုတာ ရှင်သန်နေမှ။ ဒီ လူ့အဖွဲ့အစည်း၊ ဒီ လူ့ယဉ်ကျေးမှုနဲ့ ဒီမျိုးဆက်တွေရှင်သန်နိုင်မှာပေါ့။ အဲ့ဒီ့အတွက်လည်း ကျွန်တော်တို့ ဒီ ရပ်တန့်ရေးဆိုတဲ့ အပေါ်မှာ ရပ်တည်ပြီးတော့ ပြောဆိုနေတယ်။
(ရပ်တန့်ရေး လှုပ်ရှားမှု လုပ်တဲ့အခါ) ကျွန်တော်တို့ အခုထိ စဉ်းစားခဲ့သမျှတွေမှာ အဖြေမပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူ အများစု ဆန့်ကျင်တယ် ဆိုတာ သေချာတယ်။ သို့သော် အဖြေမပါဘူး။ အဲ့တော့ တစ်စုံတစ်ရာကို စတင် ကမ်းလှမ်းကြည့်တယ်။
တစ်ခုကတော့ ဒါကို နေရာရွှေ့မယ်၊ အရွယ်အစားလျော့မယ် ဆိုတာ လည်း လက်မခံနိုင်ဘူး။ သဘာဝပတ်ဝန်းကျင် အမြင် အပြင် အဲ့ဒီ့နေရာက ကျွန်တော်တို့နေရာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ရဲ့ လူမျိုးစု ကချင်တိုင်းရင်းသားတွေရဲ့ နေရာပါ။ သူတို့ရဲ့ နေရာကို ကျွန်တော်တို့ ဖျက်စီးတာဟာ သူတို့ကို မလေးစားတာ၊ အလေးမထားတာ။ အဲ့တာဟာ ကျွန်တော်တို့ ဒီနိုင်ငံမှာ နေထိုင်သူ အချင်းချင်း နေထိုင်ရခက်စေမယ့် ကိစ္စမျိုး။ အဲ့ဒီအတွက် ဒီဟာကို လျော့တာတို့ သေးတာတို့ လက်ခံလို့မရဘူး။
ကျွန်တော်တို့ ဒီလောက်ပြောနေတာသည် ၉၀ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းဆိုတဲ့ ရာနှုန်း အချိုးအစားတွေလည်း မဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုတွေ သူတို့မှာ တစ်ခြား ယဉ်ကျေးမှုတွေလိုမျိုး မြို့ဟောင်းကြီးတွေ ရုပ်တုကြီးတွေ မရှိဘူး။ သူတို့ရဲ့ သဘာဝအရင်းအမြစ်သည် ကျွန်တော်တို့ ကချင် တိုင်းရင်းသားတွေအတွက် ဒီသဘာဝ ပတ်ဝန်းကျင်၊ သဘာဝ အရင်းအမြစ်သည် သူတို့ရဲ့ ရတနာ။ အဲ့ဒီ့အတွက် သူတို့ရဲ့ အမွေအနှစ်ကို ဝိုင်ဝန်း ကာကွယ်ခြင်းအားဖြင့် ကျွန်တော်တို့ သူတို့ကို လေးစားရာကျမယ်။ သူတို့ကို ကျွန်တော်တို့ အပြန်အလှန် ကျွန်တော်တို့ ဂရုစိုက်ရာ ကျမယ်။ အဲ့ဒီ့အားဖြင့် ကျွန်တော်တို့ ရေရှည် တည်တံ့နိုင်မယ်လို့ တွေးတာပေါ့။
ကျွန်တော်တို့ရဲ့ Campaign ရဲ့ တွေးခေါ်ပုံကတော့ ကျွန်တော်တို့ အဖြေတစ်ခု စကမ်းလှမ်းမယ်။ အဖြေသည် ဘာလဲ၊ ရပ်တန့်ဖို့ဆိုတဲ့ တူညီတဲ့ ဦးတည်ချက်အပေါ်မှာ နည်းလမ်းတွေတော့ ကျွန်တော်တို့ အမျိုးမျိုး ရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ တွေးလို့ရတဲ့ နည်းလမ်းကတော့ ကျွန်တော်တို့ ဒါ အပြီးတိုင် ရပ်တန့်သွားဖို့ ဆိုရင် ကျွန်တော်တို့ တစ်စုံတစ်ရာနဲ့ ကမ်းလှမ်းမယ်ပေါ့ဗျာ၊ လျော်ရမယ်ဆိုလည်း ပြည်သူတွေ စုပြီးတော့ လျော်ကြမယ် ဒီလို ကျွန်တော်တို့ တွေးပါတယ်။
ကိုနေသွင်ညိဏ်း ❏ ဆရာထပ်ပြီး ဖြည့်ချင်တာ ရှိလား။ (ဒေါက်တာ ရန်မျိုးုသိမ်း ပြောကြားခဲ့သည့် အပေါ် ရည်ညွှန်းသော မေးခွန်း)
ဒေါက်တာမြင့်ဇော် ◉ ဖြည့်ချင်တာလေး နည်နည်းရှိတယ်ဗျ၊ တစ်ခုကတော့ ဆရာပြောတာတွေ ကျွန်တော်တို့ စဉ်းစား စရာတွေ အများကြီးရပါတယ်။ ဒါပေမယ့် ဆရာ ကျွန်တော့်ကို ခုနက Describe ပေါ့လေ သရုပ်ဖော်သွား တာမှာ စိတ်ခံစားမှုနဲ့ ပြောတယ် ဆိုတာလေးတော့ ကျွန်တော် ချေပဖို့ ရှိတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ စိတ် ပူပန်တယ်။ ကျွန်တော်တို့ စိတ်လှုပ်ရှားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အချက်အလက်တွေပေါ်မှာ အခြေခံပြီးတွေးလို့။ အချက်အလက်တွေ၊ သုတေသနတွေ အထောက်အထားတွေပေါ်မှာ ထောက်ထားပြီးတော့ မြင်ထား သိထားတဲ့ အခြေအနေတွေပေါ်မှာ ကျွန်တော်တို့ စိတ်လှုပ်ရှားတာ။
မြန်မာပြည်မှာ ဒီ မြစ်ဆုံဆည်၊ အခု ဒီမှာ လူငယ်တွေလည်း အများကြီးပါတယ်၊ မြစ်ဆုံ ရေကာတာ၊ မြစ်တွေနဲ့ ပတ်သတ်လို့ ဒီ ဒေါက်တာ ချစ်ကိုကို (ဘူမိဗေဒ အင်ဂျင်နီယာ) သူတို့ ရေးထားတဲ့ စာအုပ်တွေရှိတယ်။ နောက် ဦးဝင်းကျော် ဟိုတုန်းက ရေအား လျပ်စစ်ဌာန ရဲ. ညွှန်ကြားရေးမှုချုပ်ပဲ သူတို့ ရေးထားတဲ့ စာအုပ်တွေရှိတယ်။ နောက် ဦးမြင့်သိန်း။ ဒါတွေ ဘာကြောင့် ကျွန်တော်တို့ စိုးရိမ်ရတယ်၊ ဘယ်လို အထောက်အထားတွေ ရှိတယ်၊ ဘယ်လို သုတေသနတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ ပြောတယ်၊ အဲ့တော့ ကျွန်တော်တို့ကို စိတ် လှုပ်ရှားနေသူတွေ၊ စိတ်ခံစားမှု ဦးစားပေးသူတွေလို့ တံဆိပ်ကပ်မယ်ဆိုရင် ကျွန်တော်တို့ စိတ်လှုပ်လျားမှုတွေရဲ့ နောက်ကွယ်မှာ ဘယ် အထောက်အထားတွေ၊ ဘယ် သုတေသနတွေကြောင့်လို့ အဖြေရှာတာတွေဟာ ပိုပြီးတော့ ဆီလျော်မယ်လို့ ထင်တယ်။
ကိုနေသွင်ညိဏ်း ❏ မြစ်ဆုံစီမံကိန်း ကို ရပ်တန်.လိုက်ရင် ဘာအကျိုးဆက်တွေ ရှိမလဲ။
ဒေါက်တာမြင့်ဇော် ◉ ဒီဟာမှာ တရုတ်ဖက်က ရပ်တန့်လိုက်ခြင်းအားဖြင့် ဘာ အကျိုးဆက်တွေရှိမလဲ စဉ်းစားတာ ရှိတယ်။ နောက်မေးခွန်းတစ်ခုက မြန်မာနိုင်ငံဖက် ကရော ဘာ အကျိုးဆက်တွေ ဖြစ်လာတာ ရှိမလဲ။ သေချာတာတော့ ဒါသည် ပြည်သူ အများစု မလိုလားတဲ့ စီမံကိန်း။ အဲဒီ အတွက် ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့ ကတော့ ကျွန်တော်တို့ ဂုဏ်သိက္ခာ ကျွန်တော်တို့ရဲ့ ငါတို့ရဲ့ရေမြေ ကာကွယ်ဖို့ အတွက် ငါတို့ ကြိုးစား ခဲ့တယ် ဆိုတဲ့ အောင်မြင်မှု တစ်ခု ပြည်သူ့လက်ထဲမှာ ရောက်သွားမယ်ပေါ့။
အဲ့တာသည် နိုင်ငံ လည်း ဂုဏ်သိက္ခာ ရှိတဲ့ ကိစ္စ။ ပြည်သူလည်း ဂုဏ်သိက္ခာရှိတဲ့ကိစ္စ။ နောက်တစ်ခု တရုတ်နိုင်ငံက ကျွန်တော်တို့ကို နိုင့်ထက် စီးနင်းမလုပ်ဘူး သူတို့အ ားကြီးတာ ကျွန်တော်တို. လက်ခံတယ်။ သို့သော် သူတို့ အနိုင်မကျင့်ဘူး။ ပြေလည်ရာ ပြေလည်ကြောင်း ညှိနှိုင်းပြီး လက်ခံပေးတယ် ဆိုကတည်းက သူတို့နဲ့ ကျွန်တော်တို့ ကြားမှာ ပိုပြီးတော့ ချစ်ကြည်စရာပဲ ရှိတယ်။ ပိုပြီးတော့ နားလည်မှုနဲ့ ရေရှည်သွ ားလို့ရမယ့် နည်းလမ်းပဲဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ ဒီလိုမြင်တယ်။
ကိုနေသွင်ညိဏ်း ❏ နောက်တစ်ခုက ကျတော့ ကျွန်တော်တို့ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့ ထွက်လာတဲ့ လျှပ်စစ် ဓာတ်အားကို ခွဲဝေမှုနဲ့ ပတ်သတ်ပြီး မြန်မာပြည်က နည်းတယ်လို့ ပြောတယ်။ နည်းတယ်ဆိုတဲ့ ပမာဏကပဲ တကယ် မြန်မာပြည်အတွက် သုံးရင် တော်တော်လေး ပြန့်နှံ့သွားနိုင်တဲ့ ပုံစံပေါ့လေ။ ပြောချင်တာက မြန်မာနိုင်ငံမှာ ရှိတဲ့ လျှပ်စစ်ဓတ်အား ရရှိမှုဟာ လူဦးရေရဲ့ တော်တော် နည်းနည်းပဲ ဖြစ်နေတယ်။ တော်တော်များများက လျပ်စစ်ဓတ်အား မရကြသေးဘူး။ ဆိုတော့ ကျွန်တော်တို့က မြစ်ဆုံ မလုပ်ဘူး၊ ရေအား လျှပ်စစ်မှန်သမျှ ဆန့်ကျင်ကြ၊ ရေကာတာ မှန်သမျှ ဆန့်ကျင်ကြဆိုရင် ကျွန်တော်တို့ လျပ်စစ်ဓာတ်အားကို ဘယ်က ရမလဲ။ ဒါလည်း စိုးရိမ်သောကတစ်ခုပဲ။ အစိုးရ အနေနဲ့ကျတော့ သူတို့မှာလည်း ဖိအား ရှိနိုင်တာပေါ့နော်။ ပြည်သူလူထုက ရန်ကုန်မှာ မီးပျက်ရင်တောင်မှ အော်နေကြတယ်။ မြို့ကြီးတွေမှာ မီးပျက်ရင် အော်နေကြတယ်ဆိုတော့ ဒီလိုဆိုရင် လျှပ်စစ်ဓာတ်အားကို ဘယ်ကရမလဲ။ အစိုးရအနေနဲ့ ရွေးကောက်ပွဲလည်း နီးနေပြီ။ သူတို့ မပေးနိုင်ဘူးဆိုရင် သူတို့မှာလည်း ပြဿနာ ရှိနိုင်တာပေါ့။ အဲ့အခါကျတော့ ဘယ်လို လုပ်ကြမလဲ။
ဒေါက်တာမြင့်ဇော် ◉ ဆရာ ဒီမေးခွန်းက နေရာတိုင်း ပေါ့လေ။ ရေကာတာ ဆောက်ချင်တဲ့ ဖက်က Pre Test ပေါ့လေ။ အကြောင်းပြတာပေါ့။ လျပ်စစ်စွမ်းအင် ဆိုတာကို အကြောင်းပြတယ်။ တစ်ကယ်လို့များ ရိုးရိုးသားသား မြန်မာပြည် လျပ်စစ်မီး ဘယ်လိုရမလဲလို့ စဉ်းစားရင် ကျွန်တော်တို့ စဉ်းစားလို့ ရမယ့် နည်းလမ်းတွေ အများကြီး ရှိတယ်။ ဒါပေမယ့် အခုက ကျွန်တော် တို့ကို ခင်ဗျားတို့က ရေကာတာ ဆန့်ကျင် နေတာလား။ လူတွေ စွမ်းအင် မရအောင် လုပ်နေတာလား ဆိုပြီး ကျွန်တော်တို့ကို ချောင်ပိတ်တဲ့ ဟာမျိုးရှိတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို ပြန်ပြီးတော့ မေးချင်တယ်။ ခင်ဗျားတို့ စွမ်းအင်ကိစ္စ အမှန်တစ်ကယ် စိုးရိမ် ပူပန်လို့ ပြောနေတာလား၊ ရေကာတာဆောက်ချင်လို့ ပြောနေတာလား။
ဆိုတော့ စွမ်းအင်ဆိုရင်တော့ လက်ရှိ မြန်မာနိုင်ငံရဲ့ လျက်စစ်ဖြန့်ဝေနေတဲ့ ပမာဏမှာ ဆုံးရှုံးမှုက ၂၀ ရာခိုင်နှုန်းရှိတယ်။ ဒီ သွယ်တန်းမှုတွေ ပြင်လိုက်ရုံနဲ့ ပြန်တက် လာမယ့် စွမ်းအင် ပမာဏရှိတယ်။ နောက်တစ်ခု ကျွန်တော်တို့ နောက်တစ်ခုက နေရောင်ခြည် စွမ်းအင်လိုမျိုးကနေ ၁၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ရနိုင်တယ်။ စွမ်းအင်နဲ့ ပတ်သတ်လို့ အဆိုပြုချက်တွေ ရှိတယ်၊ အစိုးရအနေနဲ့ရော တရုတ်နိုင်ငံသည် ကမ္ဘာမှာ အကြီးဆုံး နေအား လျပ်စစ်ကို ကမ္ဘာနဲ့ချီပြီး လုပ်နေတဲ့ နိုင်ငံ။ ကျွန်တော်တို့ နိုင်ငံ အမှန်တကယ် စွမ်းအင်ရဖို့သာ စေတနာရှိတယ်ဆိုရင် သူတို့ လုပ်ပေးလို့ ရတာတွေ၊ ကျွန်တော်တို့ စွမ်းအင် ဖူလုံအောင် လုပ်လို့ရတာတွေ အများကြီးရှိတယ်။
အခုဟာက ကျွန်တော် အဲ့စကားကို ပြောရင်းနဲ့ အချုပ်အခြာ အာဏာဖက်ကို ရောက်တယ်။ တရုတ်နိုင်ငံ အနေနဲ့ မြစ်ဆုံလို စီမံကိန်းကို လုပ်ခြင်းအားဖြင့်၊ မေခ၊ မလိခ မြစ်ဝှမ်းကို ထိန်းလိုက်ခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ အချုပ်အခြာ အာဏာကို ကျွန်တော်တို့ရဲ့ ရေ အရင်းအမြစ်ကို ထိမ်းချုပ်လိုက်ပြီးသား ဖြစ်တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ နောက်ဆက်တွဲ အနေနဲ့ ကြုံရမယ့် ကိစ္စတွေက အများကြီး ရှိတယ်ပေါ့၊ အဲ့အတွက် ကျွန်တော်တို့တော့ ဒီ စွမ်းအင်သည် စွမ်းအင် ရှာလို့ရမယ့် နည်းလမ်းတွေ အများကြီးရှိတယ်။ လက်ရှိ ကျွန်တော်တို့ ပြောနေတာဟာ အပျက်အစီး များတယ်၊ အဲ့နေရာမှာ အပျက်အစီး များတယ်ဆိုတာက ပြန်ပြင်ရန် ခက်ခဲသော ဆိုတာကို ကျွန်တော်တို့ ထည့်ရမယ်ဗျ၊ အဲ့လောက် ပမာဏ ကြီးတာကြီးတစ်ခုသည် ချွတ်ချော် လွဲချော်ပြီးသွားရင် ပြန်ပြင်နိုင်မယ့် အနေအထား မဟုတ်ဘူး။ မျိုးဆက်နဲ့ ချီပြီး၊ လူ့ယဉ်ကျေးမှုနဲ့ ချီပြီး ခံပေတော့ပဲ အဲ့အခြေအနေ အတွက် ကျွန်တော်တို့ ပြောနေတာ။
ကိုနေသွင်ညိဏ်း ❏ အခု ပြောနေတာက ရေကာတာနဲ့ ပတ်သတ်ပြီး အဆိုးဖက်ကိုပဲ ဇောင်းပေးနေကြတယ်။ သူ့နဲ့ ပတ်သတ်တဲ့ ကောင်းကျိုးတွေကို မပြောကြဘူး ဆိုတဲ့ ပြောကြတာရှိပါတယ်၊ အဲ့တာကြောင့် Intellectual honesty ပေါ့လေ၊ ပညာရပ် ဆိုင်ရာ ရိုးသားမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက် ရှိပါတယ်။ နမူနာပေးကြတာ လောပိတ ရေအားလျပ်စစ်ရှိပါတယ် မြန်မာပြည်မှာ။ နှစ် ၅၀၊ ၆၀ ရှိပြီဆောက်လာတယ်။ သို့သော် လောပိတတောင်မှ ဘီလူးချောင်းကြီးက ဒီတိုင်း ဆက်စီးနေတယ်၊ ဘီလူးချောင်းကြီး ပျောက်သွားတာလည်း မဟုတ်ဘူး၊ အဲ့တာ ဘာဖြစ်လို့ မြစ်ဆုံကိုမှ ဒီလောက် စိုးရိမ်ပူပန်မှု ဖြစ်နေကြတယ်၊ ဘာလို့ ဒီလောက်တောင်မှ ပြောနေကြတယ် ဆိုတဲ့ဟာ။ အဲ့နောက်ကွယ်မှာ Intellectual honesty ရှိရဲ့လားဆိုတဲ့ဟာ ဆရာ ဖြေလို့ရမလား။
ဒေါက်တာမြင့်ဇော် ◉ ဆရာ ဒီဟာကတော့ ကျွန်တော်တို့ ရှင်းတယ်ဗျ။ ရှင်းတယ်ဆိုတာ ပညာရပ် ဆိုင်ရာ ရိုးဖြောင့်မှု ရှိရဲ့လားလို့ မေးတဲ့သူတွေ အပေါ်မှာ ကျွန်တော်တို့ ပြန်မေးချင်တာ ခင်ဗျားတို့ရော နိုင်ငံရေးအရ ရိုးဖြောင့်မှု ရှိရဲ့လား၊ ခင်ဗျားတို့ရော ဘယ် အကျိုးစီးပွားတွေပေါ်မှာ ဒီစကားတွေကို ထုတ်ပြောနေလဲ ဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်လို့ရတယ် ဆရာ။
လောပိတပြောတယ်။ ရေကာတာ တစ်ခု တိုင်းဟာ ဘယ်နေရာမှာ တည်ရှိတယ်၊ ဘာ အကျိုးစီးပွား ဘယ်လို အကျိုးအပြစ်တွေ ရှိတယ်ဆိုတာကို ဆန်းစစ်ရတာ ထုံးစံပဲ။ ရေကာတာနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ ရေကာတာ ဆန့်ကျင်ရေး လုပ်နေတာ မဟုတ်ဘူး။ မနှစ်ကပဲ ကျွန်တော်တို့ တစ်နိုင်ငံလုံမှာရှိတဲ့ မြစ်ဝှမ်းတွေနဲ့ ပတ်သတ်တဲ့ ဆန်းစစ်ချက်တွေ ကျွန်တော်တို့ ထွက်သွားတယ်၊ ဘယ် နေရာတွေမှာေ တာ့ လုပ်လို့ ရတယ်၊ ဘယ်နေရာတွေမှာတော့ အတော်အတန် အန္တရယ်နည်းတယ်၊ ဘယ်နေရာတွေမှာတော့ အန္တရယ်များတယ်၊ ဘယ်နေရာတော့ အန္တရယ် အမြင့်ဆုံးပဲ ဘာတွေတော့ ကျွန်တော်တို့ သတိထားမှ။ ဒီလိုမျိုး ဆန်းစစ်မှု ကျယ်ကျယ်ပြန့်ပြန့်။ အစိုးရရဲ့ ဝန်ကြီးဌာနတွေ ကိုယ်တိုင်လည်း ပါတယ်ဗျ။ အဲ့ဒီ့ဟာတွေ ကျွန်တော်တို့ ဒါတွေ ရှိထားပြီးသား။
အဲဒီအတွက် ကျွန်တော်တို့ ဖက်က အထောက်အထားတွေနဲ့ လေ့လာချက်တွေရယ်၊ ကျွန်တော်တို့ရဲ့ ရိုးဖြောင့်မှု၊ ပညာရပ်ဆိုင်ရာ အခန်းကဏ္ဍအရ ရိုးဖြောင့်မှုကို ကြိုက်တဲ့ အချိန် စစ်ဆေးခံနိုင်တယ်၊ ကျွန်တော် ထင်တယ် နောက် ပညာရပ် ဆိုင်ရာအရ ရိုးဖြောင့်မှု ရှိ မရှိ ဆိုတာက ကြည့်ရတာ လွယ်တယ်။ ကျွန်တော်တို့ရဲ့ စာတန်းတွေ သုတေသနတွေကို ကြည့်လိုက်ယုံပဲ။ နိုင်ငံရေးအရ ပြောနေတဲ့ သူတွေရဲ့ နိုင်ငံရေး နောက်ခံမှာ ရိုးဖြောင့်မှု ရှိမရှိဆိုတာကို ဘာနဲ့ကြည့်မလဲ ကျွန်တော်တို့က အဲ့လိုမျိုး ကျွန်တော် စိန်ခေါ်ချင်ပါတယ်။
❏ သုတေသနများ အပေါ် မေးခွန်းထုတ်မှု၊ ပညာရပ်ဆိုင်ရာ ရိုးဖြောင့်မှုအပေါ် ပြောဆိုခဲ့သော ဦးဇော်အောင်၏ ပြောကြားချက်များအပေါ် တုံ့ပြန်ချက်။
ဒေါက်တာမြင့်ဇော် ◉ သူပြောတာ ကျွန်တော် သဘောတူတယ်။ တူတာ ဘာ တူတာလဲ ဆိုရင် ကျွန်တော်တို့မှာ သုတေသန အချက်အလက်တွေ လိုတယ်။ ဒါတွေကို ကျွန်တော်တို့ ရိုးသားဖို့ လိုတယ်၊ ဘက်စုံဖို့ လိုတယ်၊ ကျွန်တော်တို့ ပြောနေရတာပဲ။ ဒီဟာက စီးပွားရေးတစ်ခုတည်းနဲ့ တွက်လို့ ရတဲ့ ကိစ္စမဟုတ်ဘူး။ အများကြီး ထည့်သွင်းတွက်ချက်ရမယ်။ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ တွက်ရမယ်၊ အဲ့ဒီ့အတွက် ကျွန်တော်တို့ လုပ်ရတဲ့ အခါမှာ အချိန်ယူကြရတယ်။ အချိန်ယူပြီး လုပ်ရမယ်။
ဒါပေမယ့် ပညာရပ်ပိုင်းဆိုင်ရာ ပညာရှင်တို့သည် သုတေသနတစ်ခုအတွက် နှစ်ပေါင်းများစွာ မြှပ်နှံထားပြီးတော့ စကား ပြောကြတာတွေကြီးပဲ။ ကျွန်တော် ဒါကို ဥပမာ တစ်ခု ယှဉ်ပြီးတော့ တင်ပြလို့ရလဲဆိုရင် မြစ်ဆုံ စီမံကိန်းဟာ ကမ္ဘာမှာ အကြီးဆုံး စီမံကိန်း ၁၀ ခုထဲမှာ ပါတဲ့ တစ်ခု။ အဲဒီ့လောက်ပမာဏကြီးတဲ့ စီမံကိန်းကြီးတစ်ခုလုံးကို ၂ နှစ်နဲ့ အပြီးတိုင် လုပ်သွားတာ လွန်တယ်ဆိုတဲ့ စကားဟာ ကျွန်တော် ပြောတာ မဟုတ်ဘူး။ အဲ့တုန်းက ရေအားလျပ်စစ်နဲ့ ပတ်သတ်တဲ့ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းကျော် ပြောသွားတဲ့ဟာ ရှိတယ်။ ဒီလောက် ပမာဏကြီးပြီး ဒီလောက် အများကြီး ဆန်းစစ်တွက်ချက်ဖို့လိုတဲ့ဟာ ကျွန်တော်တို့မှာ အဲ့ အထက်ပိုင်းတွေနဲ့ ပတ်သက်တဲ့ data ဘာမှာမရှိဘူး။ အောက်ခြေနဲ့ ပတ်သက်တဲ့ ဆန်းစစ်ချက် ဘာမှ မလုပ်ခဲ့ဘူး။ အဲ့နေရာလေးမှာလဲ Bio Diversity ဆိုတာလေးကို သူတို့ ကွက်ကွက်လေး လုပ်ခဲ့တယ်။
အဲ့ဒီတော့ ကျွန်တော်တို့က ဒီဆရာ စွပ်စွဲသလိုမျိုး တစ်ခုခု အဖြေထုတ်ပြီးတော့မှ ကိုယ့် Agenda ကို တင်တယ် ဆိုရင် အဲ့ စွပ်စွဲချက်က လွဲနေပြီ။
၁) ပညာရှင် တစ်ယောက်သည် အဲဒီ ပညာရပ်ဆိုင်ရာ အတွက် သူ ရင်းနှီးမြုပ်နှံခဲ့ရတဲ့ ကာလ အများကြီးပဲ။
၂) သူသည် သူ့ပညာရပ်ဆိုင်ရာ အမြင်၊ ခွင်၊ ထောင့်ထဲကနေ Measure အကုန်လုံးနဲ့ သူကြည့်ကြတာ။
၃) အလျင်စလိုတွေ ဒါကြီးကို တွန်းနေတာသည် စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားတွေ အရ တွန်းနေတာ။ ပညာရှင်တွေသည် အဲ့နောက်ကိုတောင် မနည်း မီအောင်လိုက်ပြီးမှ ။ နေကြ ပါဦးဗျ။ ဒီလောက်တော့ မလုပ်ကြနဲ့။ ခင်ဗျားတို့ ဒါတော့ သတိထားဦးဆိုပြီး အဲ့နောက်က လိုက်ပြောရတာ။
နောက် ကျွန်တော်တို့လို နိုင်ငံမျိုးမှာ နိုင်ငံရေး သမားတွေ ရပ်တည်ကြတာ၊ စီးပွားရေး သမားတွေ ရပ်တည်ကြတာ ဘယ်သူတွေ။ ကျွန်တော်တို့ ရပ်တည်တာလဲ။ ဘယ်သူက ဒီလိုတော့ ရှိတယ်ဗျ၊ ဟိုတုန်းက ရေကာတာ ဆိုတာကိုတောင် ရေးလို့ မရပဲ ဆင်ဆာဖြတ်နေတဲ့ အချိန်မျိုးတွေမှာ ဘယ်သူတွေသည် ရေလှောင်ကန် ဆိုတဲ့ စကားလုံးကို သုံးပြီးတော့ လူထုထဲကို သိအောင် လုပ်ခဲ့တာလဲ။ ဒါတွေက ကျွန်တော်တို့ ပြောလို့၊ ရှင်းလို့ရတဲ့ ကိစ္စပါ။ အဲ့တော့ ဒီ ဆရာပြောသွားတဲ့ ကိစ္စမှာ ကျွန်တော်တို့နဲ့ ပတ်သတ်တဲ့ သုတေသန ပိုင်းဆိုင်ရာတွေသည် Pre Judge, Pre Determine ပေါ့လေ။ အဲ့ဒီ့ယူဆချက်တွေသည် မှားတယ်။ ပညာရှင်အများစု ဘက်ကနေ ကျွန်တော် ပြတ်ပြတ်သားသား ငြင်းလို့ရတယ်။ နောက်တစ်ခုက တရောသောပါး တွန်းနေတာတွေသည် နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးအမြတ်တွေ ကနေ တွန်းနေတာ။ သူ စွပ်စွဲမယ် ဆိုရင် အဲ့ဒီ သူတွေကို ပြန်စွပ်စွဲရမှာလို့ ကျွန်တော့် အနေနဲ့ ပြောချင်ပါတယ်။
ကိုနေသွင်ညိဏ်း ❏ ပြည်သူတွေထဲမှာ Anti-China sentiment များ နေတယ်။ တရုတ်ဆန့်ကျင်ရေး များတယ်။ အဲဒီတော့ မြစ်ဆုံက တရုတ်က မဆောက်ပဲ ဂျပန်၊ ဂျာမနီက ဆောက်မယ် ဆို ဘယ်လိုနေမလဲ၊။ ပြည်သူတွေက တမျိုး စဉ်းစားမလား။ အဲတော့ မြစ်ဆုံ မဟုတ်ပဲ တရုတ်နိုင်ငံနဲ့ တခြား new project တွေ လုပ်မယ် ဆိုရင်ကော ပြည်သူတွေက လက်ခံပါ့မလား။
ဒေါက်တာမြင့်ဇော် ◉ ကျွန်တော်လည်း အခုပြောသွားတဲ့ ကိစ္စ။ အထူးသဖြင့် ဆရာ ပြောသွားတဲ့ ကိစ္စ မြစ်ဆုံ စီမံကိန်း၊ မြစ်ဆံဆည်ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုကို တရုတ် ဆန့်ကျင်ရေး အနေနဲ့ ပုံဖော်ကြတာတွေ ရှိတယ်။
ကျွန်တော့်အနေနဲ့တော့ ကျွန်တော်တို့ စကားလုံးတွေရဲ့ မပြည့်စုံမှုတို့ ဘာတို့ ရှိတယ် ပေါ့ဗျာ။ ဒီစကားလုံးတွေကို ကျွန်တော်တို့ သတိထားစေချင်တယ်။ ကျွန်တော်တို့ ဘာတွေကို ဆန့်ကျင်နေတာလဲ ဒီနိုင်ငံက ပြည်သူတွေ ဘာတွေကို ဆန့်ကျင်နေတာလဲ။ ကျွန်တော်တို့ တရုတ် ဆန့်ကျင်ရေး လုံးဝ မဟုတ်ဘူးလို့ ကျွန်တော် ယူဆတယ်။
ဘာကို ကျွန်တော်တို့ ဆန့်ကျင်လဲ ဆိုတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အဲ့တာတွေနဲ့တော့ ပြဿနာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ လက်ပံတောင်းမှာ ရှိတယ်။ တစ်ခြား တစ်ခြားသော နေရာဌာနတွေမှာရှိတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀လုံးက စစ်အစိုးရက တရုတ်ရဲ့ အထောက်အကူနဲ့ ရပ်တည်ခဲ့တာ ရှိတယ်။ အဲ့အတွက် ပြည်သူတွေနစ်နာခဲ့တာတွေ ရှိတယ်။ အဲ့ဒီ့ ဟာကြီးကတော့ ဖျောက်လို့မရဘူး။ ဒါကြီးက ပေါ်နေတဲ့ကိစ္စ။ ဘယ် စီမံကိန်းတွေကြောင့် ပြည်သူတွေ ဘယ်လောက် အကျိုးမျာ းသွားလဲ ဆိုတဲ့ မေးခွန်းတော့ရှိတယ်။ အကျိုးမများရင်တော့ ပြည်သူတွေ မေးခွန်း ထုတ်မယ်။ ဒါနဲ့ပတ်သတ်လို့ ဆန့်ကျင်တာတွေတော့ ရှိမယ်။
ဒါပေမယ့် ဒါကြီးတစ်ခုလုံးကို သိမ်းကြုံးပြီး တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုလို့ နာမည် တပ်တာတော့ အန္တရယ်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ပြည်သူတွေမှာတော့ သူတို့ အခွင့်အရေး သူတို့ ကာကွယ်ပိုင်ခွင့် ရှိတယ်။ စီမံကိန်းတွေကြောင့် သူတို့ကို ထိခိုက်ရင် သူတို့ အနေနဲ့တော့ ဒါ ရင်ဆိုင်ရမှာပဲ။ ပြောရမှာပဲ။ ဒါပေမယ့် ရင်းနှီးမြုပ်နှံတဲ့သူဟာ ဂျပန် ဖြစ်နေရင်လည်း သူတို့ ဆန့်ကျင်ကြမှာပဲ။ တရုတ်ဖြစ်နေရင်လဲ သူတို့ ဆန့်ကျင်ကြမှာပဲ။ လူမျိုးကို အခြေပြုပြီးတော့ ဆန့်ကျင်တာမျိုး မဟုတ်ပဲနဲ့ ကျွန်တော်တို့ ပြည်သူဟာ ပြည်သူ့ အခွင့်အရေး၊ ပြည်သူ့ ဂုဏ်သိက္ခာ အပေါ်မှာ ရပ်တည်ပြီး ဆန့်ကျင်နေတယ်လို့ ကျွန်တော် မြင်တယ်။
အမေးအဖြေကဏ္ဍ ❏ ကျွန်တော်တို့ ပြည်သူ လူထုတွေက တရုတ်ဆီကလည်း ဘယ်တုန်းကမှ ချေးထားတာ ပေါင်ထားတာ မရှိပဲနဲ့ အခုမှ လျော်ကြေးပေးတော့မှ ပြည်သူတွေက ပေးရမှာလား။
ဒေါက်တာမြင့်ဇော် ◉ ကျွန်တော်လည်း အဲ့တာပဲ ပြောမလို့ ခင်ဗျ။ ကျွန်တော်တို့ 1USD Campaign ဆိုပြီး စပြီးတော့ တင်ပြတယ် ပေါ့ဗျာ။ အဆိုပြုတဲ့ အချိန်မှာ အဓိက ထွက်လာတဲ့ မေးခွန်းက ဒီမေးခွန်းပေါ့။ ကျွန်တော်တို့ လုပ်ခဲ့တာ မဟုတ်ဘူး။ ဘာကိစ္စ ကျွန်တော်တို့ တာဝန်ယူရမလဲ။
အဲ့ဒီအတွက် ကျွန်တော်တို့လည်း ကြို စဉ်းစားထားပြီးသားရှိတယ်။ ဘာလဲဆိုတော့ အခြေအနေက ကျွန်တော်တို့ ရင်ဝမှာ လှံ လာစူးနေတဲ့ အခြေအနေ၊ ဆိုတော့ ဒီ လှံစူးရတဲ့ အကြောင်းအရင်းကို လက်တလောမှာ ရှာဖို့၊ အကြောင်းအရင်းတွေ သိတယ်၊ ကိုယ့် တစ်ဘို့တည်းပဲကြည့်ပြီး လုပ်သွားတဲ့ ကိစ္စတွေကြောင့် လှံစူးရတာ သိတယ်၊ သိုသော် အဲ့ဒီ့ဟာတွေကို ကျွန်တော်တို့ မစဉ်းစား အားသေးဘဲနဲ့ လောလောဆယ် ကျွန်တော်တို့ ဒါကြီးကို ကျွန်တော်တို့ ဘယ်လို ကယ်မလဲ။ ဘယ်လို စဉ်းစားမလဲ။ ဒီ လာစူးနေတာ ကျွန်တော်တို့ရဲ့ နှလုံးသား ဆိုလည်းဟုတ်တယ်။ ဒီနှလုံးခုန်သံ ရပ်သွားရင် အများကြီး ဒုက္ခရောက်ဖို့တွေ ရှိတယ်။ အဲ့အတွက် လောလောဆယ် ဒီဆူးကို ဆွဲထုတ်ဖို့ စဉ်းစားကြတဲ့ စဉ်းစားချက်ပေါ့။
ကျွန်တော်တို့ တင်ပြတဲ့ အထဲမှာ ကျွန်တော်တို့ ဝန်ခံတယ်။ တရားမျှတတဲ့ အပိုင်း အဲ့ဒီမှာ မတင်ပြနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ တရားမျှတမှု အပိုင်းကတော့ အခုထိလည်း ဒီ လူအဖွဲ့အစည်း တစ်ခုလုံးက အတိတ်မှာ ဖြစ်ခဲ့သမျှသော လွဲချော်မှုတွေ အတွက် တရားမျှတမှု ရှာဖို့ ခရီး ဆက်နေကြတုန်း။ ကျွန်တော်တို့လည်း ခရီးဆက်မှာပဲ သို့သော် အဲ့ခရီးကို ပန်းတိုင် မရောက်ခင်မှာ လောလောဆယ် စူးနေတဲ့ ဆူး၊ ကို ဂုဏ်သိက္ခာရှိရှိ ကျွန်တော်တို့ ဆွဲထုတ်ဖို့ ကြိုးစားတာ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ တရုတ်နိုင်ငံ အနေနဲ့လည်း မျက်နှာပျက်ချင်မှာ မဟုတ်ဘူး။ သူတို့နဲ့ ကျွန်တော်တို့ ခုနက ဆွေးနွေးသွားသလို သူ့ဆီက အခွင့်အလမ်း၊ သူ့ရဲ့ အားနဲ့ လုပ်လို့ရမယ့် ဟာတွေလည်းရှိမှာပဲ။ အဲ့ဒီ့အတွက် ကျွန်တော်တို့ စဉ်းစားကြတာပေါ့။ နှစ်ဘက်လုံး သိက္ခာရှိရှိနဲ့ လောလောဆယ် စူးနေတဲ့ ဆူးကို ဆွဲထုတ်ဖို့ ကြိုးစားကြစို့။ တရားမျှတမှုကိစ္စတွေ မေးခွန်း ထုတ်စရာရှိတယ်။ ဘယ်သူတွေ စားသွားပြီးတော့ ဘယ်သူတွေက ဒုက္ခ တွေခံရတယ်၊ ဒါတွေကလည်း မေးခွန်းတွေရှိတယ်။ ဒါတွေကလည်း Legitimate ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။
အမေးအဖြေကဏ္ဍ ❏ မြစ်ဆုံစီမံကိန်း စာချုပ်မှာ ဘာ အချက်တွေ ပါလဲ။
ဒေါက်တာမြင့်ဇော် ◉ ဒီ ဥပဒေကြောင်းနဲ့ ပတ်သက်တဲ့ မေးခွန်း။ ကျွန်တော်တို့ ဆရာ မေးတဲ့ မေးခွန်းလိုပဲ ကျွန်တော်တို့ မသိဘူး။ ဒီစာချုပ်မှာ ဘာတွေ ပါနေလဲ။ ဘာကြောင့်များ မသိရတာလည်း။ ဒါပေမယ့် ကျွန်တော်တို့ တစ်စုံတစ်ရာ လွဲချော်မှုတွေ အများကြီး ရှိနေနိုင်တယ်လို့တော့ ကျွန်တော် ယူဆတယ်။
မှန်းဆဖို့အတွက် အကိုးအကား ဘယ်ကနေ ရလဲဆိုရင် ၂၀၁၆ – ၂၀၁၇ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာ ရှိတယ်ပေါ့နော်။ အဲဒီ အစီရင်ခံစာရဲ့ စာမျက်နှာ တစ်ခုမှာ ၁၃၉ မှာ သူ ဘာရေးထားလဲဆိုရင် ကျွန်တော်တို့မှာ တာပိန် ၁ ရေအား လျပ်စစ်ဆိုတာ ရှိတယ်။ တာပိန် ၁ ကနေ ရေအား လျပ်စစ် ၈ ရာခိုင်နှုန်း၊ တနည်းအားဖြင့် ၁၉ ရတယ်။ ဒါပေမယ့် တစ်ကယ် သုံးနိုင်တာက ၈ ပဲ ရတယ်လို့ သူရေးထားတယ်။ ၁၁ မဂ္ဂါဝပ်က တရုတ်ပြည်ကို ပြန်ပေးနေရတယ်။
ဒါပေမယ့် ကျွန်တော်တို့ မသုံးနိုင်လို့ ပြန်ပေးရင် ကျွန်တော်တို့ ငွေ ဘယ်လောက် ပြန်ရမယ် ဆိုတာ စာချုပ်ထဲမှာ မပါဘူး။ အဲ့အတွက် ကျွန်တော်တို့ မီးမှောင်နေတဲ့ နိုင်ငံဟာ လက်ရှိ တာပိန် ၁ ရေအားလျှပ်စစ်ကနေပြီးတော့ ၁၁ မဂ္ဂါဝပ်ကို တရုတ်ပြည်ကို အလကား ပေးနေရတယ်။ အဲ့လို အခြေအနေတွေသည် ဒီ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာပဲ သူရေးတယ်။ ဘာကြောင့်ဖြစ်ရလဲ ဆိုရင် သုံးစွဲနိုင်တဲ့ ပမာဏကို ကြိုတင် တွက်ဆတာ မရှိဘူး။ ပိုလျှံလာရင် ဘာလုပ်မယ် ဆိုတာကို စာချုပ်ထဲမှာ မပါထားဘူး။ အဲ့အတွက် ဒီ အခက်အခဲ ကြုံရတယ်လို့ ရေးထားတယ်။ ဒါဟာ ကျွန်တော်တို့ ကြည့်လို့ ရသလောက်သော ရေအား လျှပ်စစ်ဆိုတာနဲ့ ပတ်သတ်တဲ့ တစ်စွန်းတစ်စ ပေါ့နော်။ မြစ်ဆုံနဲ့ ပတ်သက်လို့တော့ ဘာတွေ ဘယ်လို ရှိနေလို့၊ ဘယ်လိုတွေပါဝင်နေလို့၊ ဘယ်လိုတွေ ရှုပ်နေလို့ ကျွန်တော်တို့ သိခွင့်မရတာလည်း ကျွန်တော်တို့ သိခွင့်မရပါဘူး။ ကျွန်တော်တို့လည်း သိချင်ပါတယ်။
ကိုနေသွင်ညိဏ်း ❏ အဆိုပြုချက် တစ်ခုရှိပါတယ်။ စီမံကိန်း အသစ်တစ်ခုနဲ့ အစားထိုးဖို့ ဆိုတာမျိုးပေါ့။ နောက်တစ်ခုကတော့ ကျွန်တော် အစီရင်ခံစာတွေ လိုက်ဖတ်ကြည့်ပါတယ်၊ တရုတ်ဖက်က သုတေသီတွေ ရေးတဲ့ စာတမ်းတွေ ကျွန်တော် ဖတ်ကြည့်ပါတယ်၊ အဲ့မှာ သူတို့ ထောက်ပြနေတဲ့ ပုံစံကတော့ လူတိုင်း ပြောနေကျတဲ့ ခွဲဝေမှုပေါ့။ ၉၀ – ၁၀ ဆိုတဲ့ ခွဲဝေမှုကို ထပ်ပြင်ချင် ပြင်ပေါ့။ လက်ပံတောင်းမှ ာဆို ကျွန်တော်တို့ ပြင်ခဲ့တာ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပမာဏ ပေါ့။ ဒီမြစ်ဆုံ စီမံကိန်းရဲ့ ပမာဏကို သေးချင်လည်းသေး ဒါမှမဟုတ်ရင် နေရာရွှေ့ချင်လဲ ရွှေ့ပေါ့နော်။ ဒီလိုမျိုး option တွေနဲ့ ဆွေးနွေးတာမျိုးဆိုရင်တော့ လက်သင့်ခံနိုင်တယ် ဆိုတာမျိုး။ တရုတ်ဖက်က စာတမ်းတွေ ပညာရှင်တွေ ထောက်ပြတာမျိုး ဖတ်ဖူးပါတယ်၊ ဒီဖက်ကလူတွေကရော အဲ့တာမျိုး ဆိုရင်ရော လက်ခံနိုင်ပါ့မလား။
ဒေါက်တာမြင့်ဇော် ◉ အဆိုပြုချက် တစ်ခုတိုင်းကို ကျွန်တော်တို့ အနေနဲ့ကတော့ ဝေဖန်ကြဖို့ ဆန်းစစ်ကြဖို့၊ ပြည်သူတွေနဲ့ တိုင်ပင်ဖို့ ချပြကြဖို့။ ဆရာ ပြောသွားတဲ့ အထဲမှာလည်း ဒီ အချက်ပါပဲ။ အစဉ် အလာ ကျွန်တော်တို့ မှားခဲ့တဲ့ ပုံစံသည် ငါတို့ပဲ ဆုံးဖြတ်မယ်ဆိုပြီး လူထုကို လျစ်လျှူရှုခဲ့တာ။ ကျန်တဲ့သူတွေ၊ ကျန်တဲ့ အစိတ်အပိုင်းပေါ့လေ၊ စီးပွားရေးဆိုလည်း စီးပွားရေး တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်သွားခဲ့တာတွေက ကျွန်တော်တို့အတွက် အမှားအယွင်းဖြစ်တဲ့ ကိစ္စပဲ။ အဲ့တော့ အဆိုပြုချက်သည် ပြည်သူ လက်ခံနိုင်တာ သည် ဘာဖြစ်ရမလဲ ဆိုတာသည် ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ရမှာပါ။
ကျွန်တော်တို့ အနေနဲ့ကတော့ အပေးအယူ ဆိုတာထက် ကျွန်တော်တို့ စဉ်းစားရမယ့် ကိစ္စကြီး။ ဒီကိစ္စအတွက် ကျွန်တော်တို့ စဉ်းစားရမယ့် ပုံစံသည် မေခ၊ မလိခ မြစ်ဝှမ်းဆိုတာသည် ဧရာဝတီ မြစ်ကြီး အသက်ရှင်ဖို့ အတွက် ရေတွေ စုပေးတဲ့ ကတော့ခွက်လို နေရာကြီးဗျာ။ အဲ့ဒီ့ ကတော့ခွက်လို နေရာကြီးကိုတော့ သဘာဝပတ်ဝန်းကျင် အမြင်အရ မဖျက်စီးပါနဲ့။ အဲ့ဒီ့ နေရာကို ဖျက်စီးလိုက်ရင် ဧရာဝတီအပါ်မှာ သက်ရောက်မှု ကြီးလွန်းလို့ပါ ဆိုတာကို နံပတ် ၁ စဉ်းစားစေချင်တယ်။ နံပတ် ၂ အဲ့ဒီ့နေရာကဗျာ ကျွန်တော်တို့ ကချင် တိုင်းရင်းသားပြည်သူတွေရဲ့ တစ်ကယ့် ယဉ်ကျေးမှု ဆိုင်ရာ နှလုံးသားပါဗျာ။ အဲ့ဒီ့နေရာကို ဖျက်စီးရင် ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် တစ်သက်လုံး မုန်းတီးမှု၊ နာကြီးမှုဟာ မျိုးဆက်နဲ့ ချီပါသွားမှာမို့ အဲ့ဒီ့နေရာကို မဖျက်စီးကြပါနဲ့ဗျာလို့ တိုက်တွန်းချင်တာ။ နံပတ် ၃ က ကျွန်တော်တို့တွေ အားလုံး သေကြမှာ အဖွင့် စကားကိုပဲ ပြန် ပြောချင်ပါတယ်၊ ကျွန်တော်တို့ သေသော်လည်း မြစ်တွေကတော့ ရှင်သန်ခဲ့ရမယ်ဗျ။ဧရာဝတီကတော့ ရှင်သန်ခဲ့ရမယ်ဗျ။ အဲ့ဒီအတွက် မြစ်ကို နောက်မျိုးဆက်တွေမှာ ရှင်သန်တဲ့ မြစ် အမွေဆက်ခံရဖို့ လုပ်ကြပါစို့ဗျာလို့ ကျွန်တော် တိုက်တွန်းချင်တာပါ၊ ဒါပါပဲ။