Category Archive: ထုတ်ပြန်ချက်များ

  1. ပြည်သူလူထုသို့ ပန်ကြားချက်

    Leave a Comment

    ရဟန်းရှင်လူ၊ ပြည်သူလူထုအပေါင်းတို့ခင်ဗျား

    ၁။ မြစ်ဆုံကို ပြန်စကြမယ်တဲ့။
    ကျနော်တို့ ဧရာဝတီကို ပြန်ရွေးယူကြပါစို့။

    ၂။ နေရာပြောင်းမယ်၊ အရွယ်အစားပြောင်းမယ်လို့
    စဉ်းစားကြတယ်။ ကျနော်၊ ကျမတို့
    မြင်တာကတော့ ဧရာဝတီကို လျော်ကြေးပေး
    ရွေးဖို့သာ ဖြစ်ပါတယ်။ မည်သှူကိုမျှမထိခိုက်ပဲ၊
    မည်သှူအပေါ်မျှ တဖက်စောင်းနင်းမဖြစ်စေတဲ့
    နည်းလမ်းဟာ ဒီတလမ်းပဲလို့
    ကျနော်တို့ ယူဆပါတယ်။

    ၃။ အခု ကျနော်တို့ စိတ်အားတွေ လျော့နည်းနေ
    သလား။ မလုံမခြုံများ ခံစားနေရော့လား၊
    ကျနော်တို့ ကြောက်ရွံ့ထိတ်လန့်နေကြပါသလား။
    စိတ်အားလျော့ပါးခြင်း၊ မလုံမခြုံဖြစ်ခြင်း၊
    ကြောက်ရွံ့ထိတ်လန့်ခြင်းတွေကို ဖယ်မှ
    ဖြစ်လိမ့်မယ်။ ကျနော်တို့ဖယ်ရှားပစ်နိုင်ပါတယ်။

    ● မြန်မာတွေဟာ သတ်္တိရှိသူတွေ၊
    ရှင်းလင်းစွာနားလည်သူတွေ ဖြစ်ပါတယ်။
    သူတို့ဟာ လူတို့ရဲ့ အခြေခံဥပဒေနဲ့
    ဓမ်္မကို စောင့်ကြပါတယ်။


    ● မြန်မာတွေဟာ စိတ်ရှည်ကြပါတယ်။
    သူတို့ဟာ အလွန်ကြီးမားသော
    အခက်အခဲများ၊ ဒုက်္ခများကို
    အောင်နိုင်ကြပါတယ်။


    ● မြန်မာတွေဟာ အခြားသူတွေရဲ့
    အမှားအယွင်းများကို ခွင့်လွှတ်ကြ၍
    မေ့ပစ်နိုင်ကြပါတယ်။ သူတို့ဟာ အတိတ်မှ
    သင်ခန်းစာကို ရယူနိုင်ကြတယ်။
    အနာဂတ်တည်ဆောက်ဖို့
    ပစ်္စုပ်္ပန်ကို သုံးကြပါတယ်။


    ● မြန်မာတွေဟာ သမိုင်းအစဉ်အလာရှိသူတွေ
    ဖြစ်ပါတယ်။ အမွေအနှစ်ကို စောင့်ထိန်းတဲ့သူတွေ
    ဖြစ်ပါတယ်။ မိမိအပေါ် မလွှဲမရှောင်သာ
    ကျရောက်လာတဲ့တာဝန်ကို ကျေပွန်သူ
    တွေလည်း ဖြစ်ပါတယ်။ စည်းလုံးညီညွတ်သော
    စံနမူနာရှိသူတွေလည်း ဖြစ်ပါတယ်။

    ၄။ တယောက် တဒေါ်လာနှုန်းဖြင့်
    ၁၀ ကြိမ်၊ ၁၅ ကြိမ် စုပေါင်းထည့်ဝင်လျှင်
    ဧရာဝတီကို ကျနော်တို့ ပြန်ရွေးနိုင်ပါတယ်။

    ၅။ ကျနော်တို့မှာ အားရှိပါတယ်။
    ကျနော်တို့ သန်မာပါတယ်။
    ကျနော်တို့ ညီညွတ်ပါတယ်။
    ဘာမဆို ကျနော်တို့ အောင်နိုင်မှာပါ။
    ဧရာဝတီကို ပြန်ရွေးယူကြပါစို့။

    ဧရာဝတီကို ပြန်ရွေးယူကြမယ် အစီအစဉ်ဦးဆောင်သူများ
    ဒေါက်တာထွန်းလွင်၊ လဖိုင်ဆိုင်းရော်၊ ကိုတာ၊ စိုင်းညွန့်လွင်၊ ဂျူး၊ ဒေါက်တာမြင့်ဇော်

  2. တရုတ်သမ္မတ ရှီကျင့်ပင်ထံ အိတ်ဖွင့်ပေးစာ

    Leave a Comment

    လေးစားရပါသော သမ်္မတကြီး ရှီကျင့်ပင်
    ရက်စွဲ – ၂၀-၄-၂၀၁၉

    အကြောင်းအရာ။ ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်မှု အပြီးတိုင်ရပ်တန့်ရေး
    မြန်မာပြည်သူများက အလျော်ပေးရန်ကမ်းလှမ်းမှုကို လက်ခံပေးပါရန်။

    ၁။ ပြည်သူများက ကန့်ကွက်အရေးဆိုကြ၍ ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်မည့်အစီအစဉ်ကို ၂၀၁၁ ခုနှစ်မှ စတင်ပြီး ရပ်ဆိုင်းထားရာမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြန်လည်တည်ဆောက်လိုကြောင်း သတင်း စကားများ ထွက်ပေါ်နေသောကြောင့် မြန်မာပြည်သူများအနေဖြင့် ကြီးစွာ စိတ်ပူပန်နေကြရပါသည်။

    ၂။ မြန်မာပြည်သူများ စိတ်ပူပန်နေရသော အကြောင်းတရားများစွာတို့အနက် ဧရာဝတီဟူသော အမျိုးသားလက်္ခဏာ ကြီး ကောမည့်အရေး၊ ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ် ပျက်သုဉ်းမည့်အရေး၊ သဘာဝပတ် ဝန်းကျင်အပေါ် လွန်ကျူးစွာပျက်ပြားစေမည့်အရေးနှင့် ပဋိပက်္ခတင်းကြမ်းပြည့်နေသော မြန်မာပြည်ငြိမ်းချမ်းရေး အလားအလာကောင်းကိုပါ ထိခိုက်စေမည့်အရေးတို့ကို အထူးသဖြင့် အလေးအနက် ဂရုပြုစေလိုပါသည်။

    ၃။ မြန်မာပြည်သူအပေါင်း၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှု၍ မည်သည့်ပုံစံမျိုးဖြင့်ဖြစ်စေ ဤစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည်ဆိုပါက မြန်မာတို့မှာ မိမိတို့၏ဂုဏ်သိက်္ခာ အချိုးအနှိမ်ခံရသည်၊ အနိုင့်အထက်ပြုကျင့် ခံရသည်ဟု မျိုးဆက်နှင့်ချီ၍ နာကျင်စွာ စွဲမှတ်ယူသွားကြပါမည်။ ရပ်ဝန်းနှင့်လမ်းကြောင်းအစီအမံ (ြျွှု) အောက် တွင် အခွင့်လမ်းကောင်းများစွာရှိနေသော တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၌ ပြန်လည်ပြင်ဆင်ရန်ခက်ခဲသော ဆိုးကျိုးများကို ရင်ဆိုင်ရပေမည်။

    ၄။ မြန်မာပြည်သူများ၏ သဘောထားမှာ ဧရာဝတီမြစ်ကြီးတွင် မြစ်ဆုံဆည်အပါအဝင် မည်သည့် ဆည်တည် ဆောက်မှုကိုမဆို လက်မခံနိုင်ပါ။ ထို့ကြောင့် မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်၍ စာချုပ်ပါအတိုင်း တရုတ်နိုင်ငံမှ တရားဝင်ကျခံထားသမျှ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာပြည်သူများက တာဝန်သိစွာ ပြန်လည်ပေးလျော် ရွေးယူ ခြင်းကိုသာ အဖြေအဖြစ် ကမ်းလှမ်းလိုပါသည်။

    ၅။ သမ်္မတကြီး၏ ရပ်ဝန်းနှင့်လမ်းကြောင်းအစီအစဉ် (ြျွှု) သည် နိုင်ငံအသီးသီးမှ ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင် အောင် လမ်းဖွင့်ပေးမည့်အခွင့်အလမ်း ပလက်ဖောင်းတရပ်ဖြစ်သည်ဟူသော သဘောတရားကို မိမိတို့ မြန်မာ ပြည်သူများက များစွာ သဘောတူနှစ်ခြိုက်ကြောင်း ဖော်ပြအပ်ပါသည်။ မြစ်ဆုံဆည်စီမံကိန်းအား ပြန်လည် ပေးလျော် ရွေးယူရန် မြန်မာပြည်သူများ၏ ကမ်းလှမ်းမှုကို ြျွှု က လမ်းဖွင့်ပေးမည့် အခွင့်အလမ်း ပလက်ဖောင်း တရပ်အဖြစ် သမ်္မတကြီးမှ ထောက်ထားလက်ခံပေးပါရန် မေတ်္တာရပ်ခံအပ်ပါသည်။ မြန်မာပြည်သူတို့၏ မေတ်္တာ ရပ်ခံချက်ကို လက်ခံခြင်းဖြင့် တရုတ်နိုင်ငံကို တရားမျှတသော၊ အပြန်အလှန်လေးစားမှုရှိသော၊ စာနာညှာတာမှု ရှိသော အိမ်နီးချင်းပေါက်ဖော်ကောင်းအဖြစ် ထပ်လောင်းသက်သေပြုခြင်း ဖြစ်စေပါသည်။ ဤသို့ လက်ခံရန် ဆုံးဖြတ်ခြင်းသည် ရပ်ဝန်းနှင့်လမ်းကြောင်းအစီအစဉ် ြျွှု အနေဖြင့် သက်ဆိုင်ရာ ပြည်သူများ၏လိုအပ်ချက်နှင့် ဆန်္ဒကို ထိရောက်စွာ အလေးထားတုံ့ပြန်မှုပြုသည့် အစီအစဉ်ဖြစ်ကြောင်း ထပ်မံ သက်သေပြသရာ ရောက်ပါလိမ့် မည်။
    ဧရာဝတီကို ပြန်ရွေးယူရန် ဦးစီးဦးဆောင်ပြုကြသူများ

    (ယခုအိတ်ဖွင့်ပေးစာကို တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာများသို့ ပြန်ဆို၍လည်း
    တရုတ်ပြည်သှူသမ်္မတနိုင်ငံ သမ်္မတကြီး ရှီကျင့်ပင်ထံသို့ ပေးပို့ထားပါသည်)